close
Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းစက်သုံးဆီစျေးနှုန်း ပြန်တက်

ပြည်တွင်းစက်သုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီသုံးစွဲနေသူများက ပြောသည်။

ရဲခေါင်/People’s Spring

ပြည်တွင်းစက်သုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီသုံးစွဲနေသူများက ပြောသည်။

ယနေ့(စက်တင်ဘာ ၂၇ ရက်)တွင် စက်သုံးဆီအရောင်းဆိုင်များ၌ ရန်ကုန်စျေးကွက် ရည်ညွှန်းစျေးအရ ၉၂ တစ်လီတာ ၃,၁၃၅ ကျပ်၊ ၉၅ တစ်လီတာ ၃,၂၉၀ ကျပ်၊ဒီဇယ်တစ်လီတာ ၂,၅၈၅ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၂၃၀ ကျပ်နှုန်း သတ်မှတ်ထားသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းဈေးနှုန်းသည် စက်တင်ဘာ ၂၆ ရက်စျေးများနှင့် နှိုင်းယှဉ်ပါက ၉၂ တစ်လီတာ ၇၅ ကျပ် ၊ ၉၅ တစ်လီတာ ၇၅ ကျပ်၊ဒီဇယ်တစ်လီတာ ၁၀ ကျပ် စျေးတက်ခဲ့ခြင်းဖြစ်သည်။

“အပတ်စဥ်သောကြာနေ့တိုင်း စက်သုံးဆီစျေးအတက်အကျရှိတယ်။ပြီးခဲ့တဲ့အပတ်ကတည်းက ဓာတ်ဆီစျေးတွေ စတက်တာပေါ့။ဒီတစ်ပတ်က စျေးပိုပြီးများလာတယ်။ဒီကြားထဲလည်း အတက်ပဲရှိတာ။စျေးကျတာ စက်တင်ဘာ ဒုတိယပတ်က တစ်ကြိမ်ပဲရှိတာ”ဟု စက်သုံးဆီစျေးကွက် စောင့်ကြည်သူတစ်ဦးက ပြောသည်။

ပြည်တွင်ငွေကြေးဖောင်းပွမှုနှင့်အတူ စက်သုံးဆီပြတ်လပ်မှုများရှိခဲ့ကာ ဩဂုတ် ၃ရက်ကစ၍ စက်သုံးဆီဈေးမှာ အဆမတန်မြင့်တက်ခဲ့ပြီး တစ်လကျော်ကာလအတွင်း ငါးကြိမ်ထက်မနည်း ဈေးတတ်ခဲ့သည်။

စစ်ကောင်စီ အာဏာမသိမ်းမီ ဒီချုပ်အစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေး သည် ၉၂ တစ်လီတာ ၄၀၄ကျပ်၊ ၉၅ တစ်လီတာ ၅၁၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၄၅၀ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ်သာရှိခဲ့သည်။

ထိုကြောင့် အရပ်သားအစိုးရလက်ထက်ဈေးနှင့် နှိုင်းယှဥ်လျင် ၉၂ တစ်လီတာ ၈ ဆခန့် ၊ ၉၅ တစ်လီတာ၆ ဆကျော် ၊ ရိုးရိုးဒီဇယ် ၁ လီတာလျင်၆ ဆ ၊ ပရီမီယံ တစ်လီတာလျင် ၇ ဆကျော် ဈေးတက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့တွင် ဆီဆိုင်အချို့ အရောင်းရပ်နားထား၍ ရောင်းချနေသည့် ဆိုင်များတွင် တန်းစီဝယ်ယူသူ ပြန်လည်များပြားလာကြောင်း မြို့ခံများက ပြောသည်။

သတင်း

ဒေါ်လာဈေး အတက်အကျကြမ်းပြီး​နောက် တစ်လကျော်အတွင်း တစ်လီတာကျပ် ငါးရာကျော် ဈေးတတ်ခဲ့သည့် စက်သုံးဆီဈေးသည် စက်တင်ဘာ ၁၃ ရက် အ​ခြေခံသတ်မှတ်​ဈေးတွင် ကျပ်တစ်ရာကျော် ဈေးပြန်ကျကြောင်း ဈေးကွက်အတွင်းမှသိရသည်။

သတင်း

ပြည်တွင်းစက်သုံးဆီစျေးနှန်းများကိုစစ်​ကောင်စီက ထပ်မံမြင့်တက်ပြီး တစ်လအတွင်း တစ်လီတာလျင် ကျပ် ၅၀၀ ခန့်စီ​ဈေးတက်သွားကြောင်း ပြည်သူများက ပြောသည်။

သတင်း

စက်သုံးဆီအရောင်းဆိုင်များတွင် ဆီဝယ်ယူ​သောကားများကို အကြိမ်​ရေအကန့်အသတ်ဖြင့် သာဝယ်ယူခွင့်ရှိမည့်စမတ်ကတ်စနစ်ကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်းစက်သုံးဆီလုပ်ငန်းရှင်များထံမှသိရသည်။

Facebook