လူအေး/People’s Spring
ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား စက်တင်ဘာ ၃၀ ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချေမှုန်းမှုတွင် အရာရှိနှစ်ဦးအပါအဝင် ၄၅ ဦး အရှင်ဖမ်းမိပြီး စစ်သားအလောင်း၃၈ လောင်းတွေ့ရှိထားကာ ထွက်ပြေးနေသူ အချို့ရှိနေသည်။
“ဗိုလ်နှစ်ကောင်နဲ့အတူမိတာ ၄၅ ယောက်။ ရုပ်အလောင်းတွေကတော့ ပျံ့ကြဲနေတာ။ လက်နက်နဲ့ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်။ ပြည်သူတွေကို သတိပေးထားတယ်” ဟု ဘုတလင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
သုံးပွင့် ဗိုလ်ကြီးနှင့် တစ်ပွင့် ဒုအရာခံ ဗိုလ်တစ်ဦးဖြစ်ကြောင်း PDF အချို့ကပြောသည်။
ဒေသတွင်း လှည်လည်အကြမ်းဖက်နေသောစစ်ကောင်စီတပ် စစ်ကြောင်းသည် စက်တင်ဘာလ ၃၀ရက် နံနက်က ကူတော်ရဲစခန်းမှထွက်လာစဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုစစ်ကြောင်းတွင်စသ်သားအင်အား ၁၀၀ ကျော် ပါနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကခန့်မှန်းခဲ့ပြီး ယခုဖမ်းဆီးထားနိုင်မှု၊ ရုပ်အလောင်းတွေ့ရှိမှုစာရင်းများကြောင့် ခန့်မှန်းထားသည့်အရေအတွက် မှာ မှန်နိုင်သည်ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
ဖမ်းမိထားသူ ၄၅ဦး၊ရုပ်အလောင်းတွေ့ရှိရသူ ၃၈ဦးဖြစ်၍ စုစုပေါင်း ၈၃ဦး အတည်ပြုထားနိုင်သည်။ ထွက်ပြေးနေသူဦးရေကို အတိအကျ မသိရသေးပေ။
” သေနတ်က အလက် ၈၀ လောက်ပြန်ရမယ်မှန်းတယ်။ အဖွဲ့တွေ စီမံခန့်ခွဲနေကြတယ်” ဟုPDF ကတဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းကို ဘူးတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်
ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်သတင်း ထုတ်ပြန်လိမ့်မည်ဟု PDF အချို့က ပြောသည်။