close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ထံသို့ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် မြန်မာသံအမတ်ကြီး ထပ်မံတိုက်တွန်း

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အဖွဲ့ဝင်နိုင်ငံများအားလုံးကို ထပ်မံ တောင်းဆိုလိုက်သည်။

စက်တင်ဘာ ၂၆ ရက်တွင်ပြုလုပ်​သောကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံအစည်းအဝေး၌ သံအမတ်ကြီး ဦး​ကျော်မိုးထွန်းမိန့်ခွန်း​ပြောကြားစဥ်။ ဓါတ်ပုံ- PMOMTTUN

အီယိုရီ/People’s Spring

တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့်ဖိနှိပ်မှုများ ရပ်တန့်စေနိုင်ရန် မြန်မာစစ်တပ်ထံ လေယာဉ်လောင်စာဆီ အပါအဝင် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် ဆက်စပ်သုံးပစ္စည်းများ လွှဲပြောင်းမှု မပြုကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အဖွဲ့ဝင်နိုင်ငံများအားလုံးကို ထပ်မံ တောင်းဆိုလိုက်သည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းက စက်တင်ဘာ ၂၆ရက်တွင် ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးနေ့ အထိမ်းအမှတ် High-level မျက်နှာစုံအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နျူကလီးယားလက်နက်နှင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်သော လက်နက်များသည် ခွဲခြားမှုမရှိ အတိုင်းအတာမဲ့ ဖျက်ဆီးနိုင်စွမ်းရှိရာ ကမ္ဘာကြီးအတွက် အလွန်အန္တရာယ်ကြီးမားပြီး မြန်မာပြည်သူများသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ်၏ အာဏာသိမ်းယူမှုခံရပြီးနောက် ၎င်းတို့၏ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်း၊ လေကြောင်းသုံးတိုက်ခိုက်ခြင်းတို့ကို ခံစားနေခဲ့ကြရာ ယင်းလက်နက်များ၏ ဖျက်ဆီးစွမ်းအားကို ကောင်းစွာ သိရှိနားလည်ကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်တွင် အမေရိကန်သမ္မတ၊ အိန္ဒိယဝန်ကြီးချုပ်၊ ဂျပန်ဝန်ကြီးချုပ်၊ ဩစတြေးလျဝန်ကြီးချုပ် တို့၏ Quad ခေါင်းဆောင်များတွေ့ဆုံမှု၌ စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ စီးဆင်းမှုကို တားမြစ်ရန် ကမ္ဘာ့နိုင်ငံအားလုံးကို တိုက်တွန်းခဲ့သည်။

အထက်ပါ Quad ခေါင်းဆောင်များ၏ ဝယ်လင်တန်ကြေညာချက်တွင် အကြမ်းဖက်မှုများချက်ခြင်းရပ်တန့်ရေး၊ မတရားသဖြင့် တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ရေး၊ လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိ ဘေးကင်းစွာဖြင့် ခွင့်ပြုပေးရေး၊ အစုအဖွဲ့အားလုံးအကြား အားလုံးပါဝင်ပြီး အပြုသဘောဆောာင် တွေ့ဆုံဆွေးနွေးမှုမှတဆင့် ပဋိပက္ခကို အဖြေရှာရေးနှင့် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရေး အချက်များကို တောင်းဆိုထားသည်။

ထို့အပြင် ရခိုင်ပြည်နယ်အခြေအနေအပါအဝင် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားလာနေသော နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအခြေအနေများအပေါ် အလွန်အမင်းစိုးရိမ်နေဆဲဖြစ်ကြောင်း Quad ခေါင်းဆောင်များက ဖော်ပြသည်။

မြန်မာနိုင်ငံသည် နျူကလီးယားကင်းစင်သောကမ္ဘာကြီးဖြစ်ပေါ်စေရန် လိုက်နာရမည့် ကတိကဝတ်များကို အပြည့်အဝလိုက်နာမည်ကို ထပ်လောင်းအတည်ပြုပြီး လုံခြုံ စိတ်ချသည့် ကမ္ဘာကြီးပေါ်ပေါက်လာစေရေး ဆွေးနွေးညှိနှိုင်းများအားလုံးတွင် ပါဝင်ဆောင်ရွက်ရန် အမြဲအဆင်သင့်ရှိကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်က နျူကလီးယား လက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာစာချုပ် (TPNW)ကို လက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက်စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာစာချုပ်(CTBT)အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

သို့ရာတွင် ၂၀၂၁ တရားမဝင် အာဏာသိမ်းမှုကြောင့် TPNW အား အတည်ပြုလက်မှတ်ရေးထိုးရေး လုပ်ငန်းအပေါ် ရပ်တန့်စေခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးမှု သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် (CTBT)ကြေညာချက်အပေါ် ပါဝင်ခဲ့ခြင်း အပါအဝင် နျူကလီးယားလက်နက်ကင်းစင်သည့် ကမ္ဘာကြီးတည်ထောင်ရေးဆိုင်ရာ ရည်မှန်းချက် များအားလုံးအား လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၃၀)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စျေးတစ်ခု၌ သပိတ်အင်အားစုနှင့် တော်လှန်ပြည်သူများကသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂတွင် ဆက်လက်ထားရှိရေး ဆန္ဒပြတောင်းဆိုမှုကို ယနေ့ (စက်တင်ဘာ ၂၉) နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။