close
Connect with us

Hi, what are you looking for?

သတင်း

စစ်တွေဆိပ်ကမ်းလည်ပတ်နိုင်​ရေး ဆက်လုပ်သွားမယ်လို့အိန္ဒိယဆို

မြန်မာနိုင်ငံမှာ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (KMTTP)နဲ့ ပတ်သက်လို့ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် အိန္ဒိယက ဆက်လက် အားထုတ်သွားမယ်လို့ အိန္ဒိယဆိပ်ကမ်း၊ကုန်သွယ်ရေကြောင်းနဲ့ ရေလမ်းကြောင်းဝန်ကြီးက ပြောကြားပါတယ်။

အိန္ဒိယဆိပ်ကမ်း၊ ကုန်သွယ်ရေကြောင်းနဲ့ ရေလမ်းကြောင်းဝန်ကြီး

သီတာ၊ စောနွေဦး/People’s Spring

မြန်မာနိုင်ငံမှာ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်တဲ့ ကုလားတန်မြစ်ကြောင်းဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (KMTTP)နဲ့ ပတ်သက်လို့ချောချောမွေ့မွေ့ လည်ပတ်နိုင်အောင် အိန္ဒိယက ဆက်လက် အားထုတ်သွားမယ်လို့ အိန္ဒိယဆိပ်ကမ်း၊ကုန်သွယ်ရေကြောင်းနဲ့ ရေလမ်းကြောင်းဝန်ကြီးက ပြောကြားပါတယ်။

ဝန်ကြီး ဆာရာဘာနန်ဒါ ဆိုနိုဝယ်လ်က Businessline နဲ့ အင်တာဗျူးမှာ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ ဆိပ်ကမ်းဆိုင်ရာ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ဆိုခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူက အိန္ဒိယဟာ မြန်မာရော၊ ဘင်္ဂလားဒေ့ရှ်နဲ့ပါ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေးတွေကို လက်ရှိ အနေအထားမှာ ထိန်းသိမ်းထားရုံသာ မကဘဲ ပိုမိုကောင်းမွန်တဲ့ အခြေအနေမျိုး မြှင့်တင်သွားဖို့လည်း ရည်သန်ထားကြောင်း ဆိုပါတယ်။ အဲဒီအတွက် စိန်ခေါ်မှုတွေ ကြုံရမှာကို နားလည်ပေမယ့် အကောင်းဆုံး မျှော်လင့်ရင်း ရှေ့နေမယ်လို့ ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်တော့ KMTTPရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်း စီမံကိန်းတွေ ဆက်လက် လည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် ဆွေးနွေး ညှိနှိုင်းနေတယ်လို့ သူက ဆိုပါတယ်။ အိန္ဒိယဟာ နိုင်ငံရဲ့ ပင်မ အစိတ်အပိုင်းတွေနဲ့ သီးခြားကွဲထွက်သလို ဖြစ်နေတဲ့ အရှေ့အလယ်ပိုင်း ပြည်နယ်တွေကို ဆက်သွယ် ထိန်းချုပ်ရာမှာ မြန်မာနိုင်ငံ ပိုင်နက်ကို ဖြတ်သန်းတည်ဆောက်မယ့် KMTTP ပရောဂျက်အပေါ် အများကြီး မျှော်လင့်ချက် ထားရှိပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေက အိန္ဒိယရဲ့ စီမံကိန်းတွေအပေါ် သက်ရောက်မှုတွေ ရှိနေပြီး အဲဒါနဲ့ ပတ်သက်လို့ ဝန်ကြီးက သူ့သဘောထား မှတ်ချက်တွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ပတ်သက်ရင် သူ့ရဲ့ ဝန်ကြီးဌာနက ဦးစားပေး ကြိုးစားနေတာဟာ စစ်တွေဆိပ်ကမ်း ဆက်လက် လည်ပတ်နိုင်ရေးဖြစ်ပြီး အဲဒီအတွက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်း လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း​တွေလို​ပြော​ပေမယ့် စစ်​ကောင်စီအပြင် အာရက္ခတပ်​တော်(AA)ပါ မပါဆိုတာကို​တော့ မသိရပါဘူး။

အာရက္ခတပ်​တော်(AA)က ပလက်ဝမြို့နယ် တစ်ခုလုံး နဲ့ ကုလားတန်မြစ်​ကြောင်းတ​လျောက်ကိုသိမ်းပိုက်ထိန်းချုပ်ထားသလို ရခိုင်ပြည်နယ် မြောက်ပိုင်းမှာစစ်​တွေမြို့မှအပ ကျန်​ဒေသအားလုံးကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ် ။ ရခိုင်

ပြည်နယ်က ကျန်​နေ​သေးတဲ့ စစ်တပ်စခန်း​တွေအားလုံးကိုလည်း AAကအပြီးသတ်ထိုးစစ်ဆင်သိမ်းပိုက်မယ်လို့​ကြေညာပြီး ​မောင်​တောမြို့ကလက်ကျန်စစ်​ကောင်စီစခန်း​တွေ နဲ့ အမ်း မြို့နယ် ၊ဂွမြို့နယ်က စစ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်​နေတာပါ။

KMTTP ရဲ့ စီမံကိန်း တည်ဆောက်မှုဟာ ကုန်းတွင်း ဆက်သွယ်ရေး လမ်းကြောင်းမှာ ကန့်သတ်ချက်တွေ ရှိနေတဲ့ အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို ပင်လယ်ပြင်ကနေ ကုန်သွယ် ချိတ်ဆက်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အဲဒီအတွက် စစ်တွေ ရေနက်ဆိပ်ကမ်းက အရမ်းအရေးကြီးတဲ့ ဆုံချက်မျိုးမှာ ရှိနေပါတယ်။

ကုလားတန်ဘက်စုံစီမံကိန်းဟာအိန္ဒိယနိုင်ငံ၊ ကာလကတ္တားဆိပ်ကမ်းက​နေ စစ်တွေဆိပ်ကမ်း၊ စစ်တွေဆိပ်ကမ်းက​နေ ချင်းပြည်နယ်၊ပလက်ဝအထိ ရေကြောင်းမှ ကုန်စည်ပို့ဆောင်မှာဖြစ်ပြီး ပလက်ဝက​နေ အိန္ဒိယအရှေ့မြောက်ပြည်နယ်​တွေကိုကုန်းလမ်းက​နေကုန်စည်ပို့ဆောင်မယ့်စီမံကိန်းဖြစ်ပါတယ် ။ အဲဒီ စီမံကိန်းကို မြန်မာနဲ့ အိန္ဒိယကြား ၂၀၀၈ ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပြီး​တော့ ၂၀၀၉ခုနှစ်မှာစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

စီမံကိန်းလမ်း​ကြောင်းပြ​မြေပုံ

ဆိုနိုဝယ်လ်က အိန္ဒိယရဲ့ ကိုလ်ကတ္တားနဲ့ တခြားဆိပ်ကမ်းတွေကနေ ပင်လယ်ပြင်ကို ဖြတ်သန်း တင်ပို့လိုက်တဲ့ ကုန်စည်တွေဟာ မြန်မာနိုင်ငံရဲ့ ရခိုင်ကမ်းရိုးတန်းမှာ တည်ရှိတဲ့ စစ်တွေ ဆိပ်ကမ်းကို ရောက်ရှိမှာဖြစ်ကြောင်း၊ အဲဒီကနေတဆင့် ကုလားတန်မြစ်ကို အခြေပြုတဲ့ ကုန်းတွင်း ရေလမ်းကြောင်း၊ ဒေသတွင်းကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ အဝေးပြေး ကားလမ်းတွေကို အသုံးပြုပြီး အိန္ဒိယ အရှေ့မြောက်ပိုင်း မီဇိုရမ်ဆီ ကုန်သွယ်ရေး လမ်းကြောင်း တည်ထောင်မှာ ဖြစ်တယ်လို့ ရှင်းပြတယ်။ အဲဒီ လမ်းကြောင်းဟာ အသွားရော၊ အပြန်ပါ ကုန်စည် စီးဆင်းမှုတွေကို အရှိန်အဟုန် ကောင်းစေဖို့ ရည်ရွယ် သတ်မှတ်ထားတာပါ။

အိန္ဒိယက ထူထောင်ထားတဲ့ IPGL ကုမ္ပဏီဟာ KMTTP ပရောဂျက် တစ်ခုလုံးရဲ့ လည်ပတ်မှုနဲ့ ရေရှည် ထိန်းသိမ်းမှုကဏ္ဍ၊ ကုလားတန်မြစ်ကို အခြေပြုပြီး ပလက်ဝမြို့မှာ တည်ဆောက်မယ့် ကုန်းတွင်း ရေလမ်းကြောင်း ဆိပ်ကမ်း လည်ပတ်ရေး စတာတွေကို အဓိက တာဝန်ယူမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

သူက တရုတ်နဲ့ ဥရောပ သမဂ္ဂတို့ရဲ့ စီးပွားရေး တိုးတက်နှုန်း နှေးကွေးမှုတွေဟာ ကမ္ဘာ့ကုန်သွယ်မှု အရှိန်အဟုန်အပေါ် ထိခိုက် သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပြီး အဲဒီအတွက် အိန္ဒိယကလည်း ကြိုတင် ပြင်ဆင်မှုတွေ လိုအပ်လိမ့်မယ်လို့ မှတ်ချက် ပေးသွားပါတယ်။ အထူးသဖြင့် နိုင်ငံတကာက အမျိုးမျိုးသော အလှည့်အပြောင်းတွေကို ရင်ဆိုင် ဖြတ်သန်းနေရတဲ့တိုင်အောင် အိန္ဒိယဟာ နိုင်ငံ စီးပွားရေး တိုးတက်မှုမှာ အဓိကတွန်းအားတစ်ခုဖြစ်တဲ့ကုန်သွယ်ရေကြောင်း ကဏ္ဍကိုအားကောင်းအောင်နည်းလမ်းမျိုးစုံ နဲ့ ဆက်လက် ထိန်းသိမ်းသွားမယ်လို့လည်း ဝန်ကြီးက ပြောကြားသွားပါတယ်။

ကိုးကား-Businessline

ဆက်စပ်သတင်းများ

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ကို အိန္ဒိယ အစိုးရက ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။

သတင်း

ထောင်တွင်းအစာငတ်ခံ ဆန္ဒပြမှု သုံးရက်မြောက်နေ့အထိ အိန္ဒိယထောင်အာဏာပိုင်များ လာရောက်ညှိနှိုင်းခြင်းမရှိသေး

နိုင်ငံတကာ

အိန္ဒိယကနေ ရောက်ရှိလာတဲ့ ဘတ်စ်ကား တစ်စီးဟာ နီပေါနိုင်ငံမှာ လျှိုထဲထိုးဆင်းပြီး မြစ်ထဲကျသွားရာက လူ ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမိုးပြိုကျချိန်မှာ ကား ၄ စီးက ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပြီး ဒဏ်ရာရသူ ၈ ဦးရဲ့ အခြေအနေကတော့ စိုးရိမ်စရာ မရှိဘူးလို့ သိရပါတယ်။

Facebook