close
Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းစစ်နဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေအပါအဝင် သံတမန်တွေ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေး

အာဆီယံခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာ့ပြည်တွင်းစစ်နဲ့ပတ်သက်လို့ သံတမန်တွေ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ အင်ဒိုနီးရှားရှိ အကြီးတန်းသံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

ဓာတ်ပုံ - ASEAN

အီယိုရီ/People’s Spring

အာဆီယံခေါင်းဆောင်များရဲ့ ထိပ်သီးညီလာခံမတိုင်ခင်မှာ မြန်မာ့ပြည်တွင်းစစ်နဲ့ပတ်သက်လို့ သံတမန်တွေ ဂျာကာတာမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ အင်ဒိုနီးရှားရှိ အကြီးတန်းသံတမန်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။

ဒီနေ့(အောက်တိုဘာ ၄ရက်)နဲ့ မနက်ဖြန်ပြုလုပ်မယ့် အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ အင်ဒိုနီးရှား၊ အာဆီယံ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့မှ ကိုယ်စားလှယ်တွေ အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးအုပ်စုတွေရဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်မယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီဘက်က တက်ရောက်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အာဆီယံထိပ်သီးညီလာခံကိုအောက်တိုဘာ ၆ရက်မှ ၁၁ ရက်အထိ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပမှာဖြစ်ပြီးထိပ်သီးညီလာခံကို စစ်ကောင်စီက ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန်ကို စေလွှတ်မယ်လို့ Nikkei Asia က မနေ့က ဖော်ပြပါတယ်။ စစ်အာဏာသိမ်း ၄နှစ်အတွင်း စစ်ကောင်စီက ၎င်းရဲ့ကိုယ်စားလှယ်ကို ထိပ်သီးညီလာခံတက်ရောက်ဖို့ ပထမဆုံး စေလွှတ်တာလည်း ဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ တူညီဆန္ဒ ၅ရပ်ကို အာဏာသိမ်းစစ်ကောင်စီက အကောင်အထည်ဖော်တာမရှိတာကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ၎င်းရဲ့နိုင်ငံခြားရေးဝန်ကြီးတို့ကို ထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့အာဆီယံအစည်းအဝေးတွေမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပြီး အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ထိရောက်တဲ့အရေးယူမှု လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ မြေပြင်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ပေါ်ထွက်လာခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ရှုံးနိမ့်နေချိန်မှာ နောက်ဆုံးသံတမန်ရေးဆိုင်ရာတွန်းအားတွေ ထွက်ပေါ်လာခဲ့တာပါ။

ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်များအရ စစ်အာဏာသိမ်းမှု ၃နှစ်ကျော်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာဒုက္ခသည် ၃သန်းကျော်ရှိလာပြီဖြစ်ပါတယ်။

ကိုးကား – channelnewsasia

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံသည် မြန်မာပြည် စစ်ပွဲများရပ်တန့်ရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)အား ဖိအားပေးနေမှုများမှာ တရားမျှတမှု မရှိသည့်အပြင် ပြည်တွင်းစစ် ပိုမိုကြီးထွားလာစရာအကြောင်းအချက်များကို ဖန်တီးပေးရာရောက်ကြောင်း နိုင်ငံရေး၊ စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

RFA ၏ သတင်းဖော်ပြချက်တွင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြားချက် အသံဖိုင်ကိုလည်း ဖော်ပြခဲ့ရာ ယန်ဟီးလီနှင့် အခြားအရေးကြီးသည့် သံတမန်များ၊ တရုတ်အထူးကိုယ်စားလှယ်တို့ကို ပေးပို့ခဲ့သည်ဟု အသိပေးသည်။

Facebook