သုည/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင်ပင်မသပိတ်က တော်လှန်ပြည်သူများနှင့် ပူးပေါင်းကာ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၄ရက်) လှုံ့ဆော်ဆန္ဒပြခဲ့သည်။
ဆန္ဒပြပြည်သူများက “စစ်ကျွန်ဇာတ်သွင်း သန်းခေါင်စာရင်းကို ဆန့်ကျင်ကြ” စာသားကိုင်ဆောင်ပြီး စစ်ကောင်စီ ကောက်ယူနေသည့် သန်းခေါင်စာရင်းကို ဆန့်ကျင်ကြရန် လှုံ့ဆော်ခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ပြည်သူလူထု၏ အချက်အလက်များကို ထိန်းချုပ်နိုင်ရန်နှင့် ၎င်းတို့အာဏာ ပြန်လည်တည်ဆောက်နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် သန်းခေါင်စာရင်းဖြစ်သည့်အတွက် ရရာနည်းလမ်းဖြင့် ဆန့်ကျင်ကြရန်လည်း သပိတ်ဦးဆောင်သူတို့က တိုက်တွန်းနှိုးဆော်ခဲ့သည်။
ဓာတ်ပုံ – လက်ပံတောင်းတောင်ပင်မသပိတ်