close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဦးစီး သေဆုံး

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ယောက်ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

လက်ဘနွန် နိုင်ငံရဲ့ မြို့တော် ဘေရွတ်မှာ စက်တင်ဘာ ၂၀ ရက်နေ့တုန်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဟစ်ဇ်ဘိုလာတွေက အဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်သူ အီဘရာဟင် အကွီဟာ အဲဒီ တိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အကွီအပြင် နောက်ထပ် ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ပိုင်း တချို့လည်း အဲဒီတိုက်ခိုက်မှုမှာ အသက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အစောပိုင်းမှာ လက်ဘနွန် အာဏာပိုင်တွေက ထုတ်ပြန်ရာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုက လူဦးရေ ထူထပ်သိပ်သည်းရာ ဒါဟီရာ ရပ်ကွက်ကို ပစ်မှတ်ထားခဲ့တဲ့အတွက် ၁၄ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟီရာ ရပ်ကွက်ဟာ ဘေရွတ် တောင်ပိုင်းမှာ တည်ရှိနေပြီး ဟစ်ဇ်ဘိုလာတွေ အထူထပ်ဆုံး ဖြန့်ကျက် လှုပ်ရှားတဲ့ ဧရိယာ တစ်ခုလည်း ဖြစ်ပါတယ်။

အခုသီတင်းပတ်ထဲမှာတင် လက်ဘနွန်နဲ့ ဆီးရီးယားတို့မှာ ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်တွေ အသုံးများတဲ့ ဆက်သွယ်ရေး ကိရိယာတွေ ပေါက်ကွဲပြီး လူ ၄၀ နီးပါးသေ၊ ထောင်နဲ့ချီ ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေကြောင့် အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ အစ္စရေးက အခုလို လေကြောင်းတိုက်ခိုက်မှုမျိုးကို ထပ်ဆင့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပေါက်ကွဲမှုတွေဟာလည်း အစ္စရေး လက်ချက်လို့ ဟစ်ဇ်ဘိုလာတွေက စွပ်စွဲထားပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ဂါဇာ စစ်ပွဲ ကာလတလျှောက် အပြန်အလှန် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် ထိပ်တိုက် စစ်ပွဲကြီး ဖြစ်ပွားလာမယ့် အဆင့်မျိုးကို သတိကြီးကြီး ရှောင်တိမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ တစ်နှစ်နီးပါး ကာလအတွင်း အခုလောက် တင်းမာတဲ့ အခြေအနေတွေ မဖြစ်ခဲ့ဖူးတာကြောင့် အရှေ့အလယ်ပိုင်းမှာ နောက်ထပ် လက်နက်ကိုင် ပဋိပက္ခကြီး ထပ်မံပေါ်ပေါက်လာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးဟာ ဟစ်ဇ်ဘိုလာရဲ့ နောက်ထပ် ထိပ်တန်း စစ်ဦးစီး တစ်ဦးဖြစ်သူ ဖူယက်ဒ်ရှူခါကိုလည်း ဇူလိုင်လတုန်းက အလားတူ လေကြောင်း တိုက်ခိုက်မှု တစ်ခုနဲ့ ရှင်းလင်း သုတ်သင်ခဲ့ဖူးပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ တိုက်ခိုက်မှုကို အစ္စရေး စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီက အတည်ပြုခဲ့ပြီး ဟစ်ဇ်ဘိုလာတွေရဲ့ အထူးတိုက်ခိုက်ရေး ယူနစ်ဖြစ်တဲ့ ရက်ဒ်ဝမ် တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ အကွီနဲ့ တခြား ထိပ်ပိုင်း အရာရှိတချို့ကို ရှင်းလင်းပစ်နိုင်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။

ဟာဂါရီက အကွီနဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တွေဟာ ဘေရွတ်မှာရှိတဲ့ လူနေအိမ် တစ်လုံးရဲ့ မြေအောက်ခန်းမှာ ပုန်းအောင်းနေပြီး အရပ်သားတွေကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချထားကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။

နာရီပိုင်း အကြာမှာတော့ ဟစ်ဇ်ဘိုလာတွေဖက်ကလည်း အကွီသေဆုံးမှုကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး သူ့ကို အထူးကဲဆုံး ဂျီဟတ်ဒ် လှုပ်ရှားမှု ခေါင်းဆောင် တစ်ယောက်အဖြစ် အမှတ်ရနေမယ်လို့ ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ အစ္စရေး ကာကွယ်ရေး ဝန်ကြီး ယိုယက်ဗ် ဂဲလန့်က အရှေ့အလယ်ပိုင်း ဒေသမှာ အစ္စရေးရဲ့ အာရုံစိုက်မှုဟာ မြောက်ပိုင်း လက်ဘနွန်နဲ့ နယ်စပ်ဆီ ကူးပြောင်းသွားပြီလို့ ကြေညာခဲ့တဲ့နောက် ဟစ်ဇ်ဘိုလာတွေအတွက် အထိနာစေမယ့် တိုက်ခိုက်မှုတွေ ဆက်တိုက် ကြုံလာရတာ ဖြစ်ပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

သတင်း

ဆက်သွယ်ရေး ကိရိယာတွေထဲ ဗုံးတွေထောင်ပြီး တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းဘောင် အားလုံးကို ကျော်လွန်ခဲ့တာ ဖြစ်တယ်လို့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီတွေ) အများအပြား ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လက်ဘနွန် နိုင်ငံအနှံ့မှာ pager ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ရာက လူ ၉ ဦး သေဆုံးပြီး ၃၀၀၀ လောက် ဒဏ်ရာရခဲ့တဲ့နောက် ဒီတိုက်ခိုက်မှုဟာ အစ္စရေးလက်ချက်လို့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

Facebook