close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဘနွန်ဖက်ကနေ ဟစ်ဇ်ဘိုလာတွေက ဒုံးကျည် အစင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးပြော

နိုင်ငံ ပိုင်နက်ထဲကို ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေက ဒုံးကျည် အစင်း ၁၀၀ ကျော် ပစ်ခတ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ကြေညာခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်းတွေမှာ လက်ဘနွန် ပိုင်နက်ထဲကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေး မြောက်ပိုင်းကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အရင်ကတည်းကလည်း အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ဟစ်ဇ်ဘိုလာ ဒုံးကျည်တွေ အရေအတွက် အများဆုံး အစ္စရေးမှာ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေး စစ်တပ်က ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်တွေ ထိမှန်ပြီး နိုင်ငံမြောက်ပိုင်းမှာ နေအိမ်တွေ ပျက်စီးခဲ့ကြောင်း၊ အစ္စရေးဖက်ကလည်း ဟစ်ဇ်ဘိုလာ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

တချို့ ဒုံးကျည်တွေဟာ အစ္စရေး အဓိက ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ဟိုင်ဖာနားထိ ကျရောက်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေကတော့ အစ္စရေးရဲ့ စစ်ရေးပစ်မှတ်တွေကိုသာ ချိန်ရွယ်ခဲ့တာလို့ ပြောပါတယ်။

အခုသီတင်းပတ်မှာ အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်ရေးတင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေ အသုံးပြုတဲ့ လက်ကိုင် ကိရိယာတွေ နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၄၀ ဝန်းကျင်လောက် သေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရခဲ့သလို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဦးစီးတစ်ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေ အပြီးမှာ လက်ဘနွန် တောင်ပိုင်းက စစ်ရေးပစ်မှတ်တွေကို ထိထိရောက်ရောက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဟာဂါရီက ကြေညာခဲ့ပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ဂါဇာစစ်ပွဲ စတင်ချိန် ကတည်းက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြားမှာ နယ်စပ်ဖြတ်ကျော်ပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အချိန်ကတည်းက အစ္စရေးဟာ မြောက်ပိုင်းဒေသ မြို့ရွာတွေမှာ နေထိုင်တဲ့ အရပ်သားတွေကို ရွှေ့ပြောင်းပေးထားခဲ့ပါတယ်။ အခုအခါမှာတော့ အစ္စရေးဟာ စစ်ပွဲရဲ့ ဗဟိုချက်ဟာ နိုင်ငံမြောက်ပိုင်းဆီ ဦးတည်ချက် ပြောင်းလဲလာမှာဖြစ်ပြီး လက်ဘနွန်နဲ့ နယ်စပ်မှာ တပ်အင်အား အလုံးအရင်း ဖြန့်ကျက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအန်ဂဲလန့်က အဲဒီလို ကြေညာခဲ့ပြီးတဲ့ အချိန်ကတည်းက အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေ အထိနာစေမယ့် စစ်ရေး အစီအမံတွေကို ဆက်တိုက် အကောင်အထည် ဖော်လာခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားက ထိပ်တိုက် ပဋိပက္ခတွေ ပိုမို ထူပြောလာခြင်းကြောင့် အရှေ့အလယ်ပိုင်း ဒေသမှာ နောက်ထပ် စစ်ပွဲတစ်ခု ဖြစ်ပေါ်လာမှာကို စိုးရိမ်တကြီး ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ယောက်ဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

သတင်း

ဆက်သွယ်ရေး ကိရိယာတွေထဲ ဗုံးတွေထောင်ပြီး တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လုပ်ရပ်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ စည်းဘောင် အားလုံးကို ကျော်လွန်ခဲ့တာ ဖြစ်တယ်လို့ လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်ဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဧရာမ ဒုံးကျည်ထိပ်ဖူး တင်ဆောင်နိုင်တဲ့ မဟာဗျူဟာ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေရဲ့ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီတွေ) အများအပြား ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၄၅၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

Facebook