close

ဖြူးမြို့ ဒုတိယနှစ်ကျောင်းသား ၁ ဦး သေဆုံး

close

March 25, 2021

ဖြူးမြို့တွင် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒုတိယနှစ်ကျောင်းသား ၁ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့မှာ မတ်လ ၂၅ ရက် ဒီကနေ့ညပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့် ဒုတိယနှစ်ကျောင်းသားတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေကို ပြန်လွှတ်‌ပေးဖို့ ဖြူးမြို့မရဲစခန်းရှေ့မှာ တောင်းဆိုတဲ့ လူအုပ်ကို ရဲက ကျည်အစစ်သုံးပြီး အကြမ်းဖက် ဖြိုခွဲခဲ့တာပါ။

ကနဦးသတင်းတွေအရ ပြည်သူ နှစ်ဦးကျည်ထိပြီး ၁၉နှစ်အရွယ် ကျောင်းသားတစ်ယောက်ကတော့ သေဆုံးသွားပြီလို့ ဒေသခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့်သေဆုံးသွားသူဟာ  ဖြူးမြို့ဘူတာမြောက်ရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် ၁ ဦး ဖြစ်တယ်လို့သိရပါတယ်။

မနေ့ည ၁၁ နာရီလောက်အထိဖြူးမြို့မြောက်ဘက်သံလမ်းကုန်းကျော်မှာလည်း ပစ်ခတ်မှု ထပ်မံဖြစ်ပွားနေပြီး စစ်တပ်ကကားတွေလည်း ထပ်မံရောက်ရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

7 days Ago
Up