close

အယ်ဒီတာအာဘော်

close

April 5, 2023

ပရိသတ်ဖိအားပေးမှုကြောင့် ပီအက်စ်ဂျီတွင် မက်ဆီဆက်ရှိရန် မသေချာ

ပီအက်စ်ဂျီအသင်းပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အသင်း မှာဆက်ရှိဖို့ မသေချာတော့ဘူးလို့သိရပါတယ်။

မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ပီအက်စ်ဂျီမှာ ဆက်ရှိဖို့အတွက် စာချုပ်သက်တမ်းတိုးမယ်လို့ ကမ္ဘာ့ဖလားပြိုင်ပွဲကာလ အတွင်းမှာ သဘောတူညီခဲ့ပါသေးတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ရလဒ်ဆိုးရွားနေပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

အသင်းပရိသတ်တွေဟာလည်း ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေစတင်ပြီး မက်ဆီအပါအဝင် ကစားသမားတွေကို အော်ဟစ်လှောင်ပြောင်မှုတွေနဲ့ ဖိအားပေးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဘက်ကလည်း စူပါးစတားတွေနဲ့ ဥရောပအောင်မြင်မှုမရခဲ့တာကြောင့် ပြင်သစ်လူငယ် သွေးသစ်တွေကိုခေါ်ယူပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ စိတ်ကူးရှိနေတယ်လို့လည်း သိရပါတယ်။

မက်ဆီဘက်ကတော့ ဥရောပလိဂ်တွေမှာဆက်ကစာနိုင်မယ်လို့ ယုံကြည်နေပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

2 hours Ago

February 27, 2023

ဖလားအများကြီးထပ်ယူချင်ကြောင်း မန်ယူကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ပြော

မန်ယူနိုက်တက်အသင်းအတွက် ဖလားတစ်လုံးတည်းနဲ့ မလုံလောက်တာကြောင့် အများကြီးထပ်ပြီး ရယူသွားချင်ကြောင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကပြောသွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညက လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ နယူးကာဆယ်ကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ယူပြီး ၆ နှစ်တာကာလအတွင်းမှာ ပထမဆုံးဆုဖလားအဖြစ် ကာရာဘောင်ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာပါ။

မန်ယူအသင်းဟာ ဆုဖလားတွေအများကြီးနဲ့ ထိုက်တန်တဲ့အသင်းဖြစ်တာကြောင့် ဆုဖလားတစ်လုံးတည်းနဲ့ မလုံလောက်ကြောင်း၊ အသင်းရဲ့ အဆင့်အတန်းနဲ့ တောင်းဆိုမှုအရ နောက်ထပ်ဆုဖလားတွေထပ်ပြီးရယူချင်ကြောင်း ဗိုလ်လုပွဲ အပြီးမှာ ဖာနန်ဒက်စ်ကပြောပါတယ်။ 

ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့  ၆ နှစ်တာကာလအတွင်းမှာ ပထမဆုံးဆုဖလားရယူနိုင်ခဲ့တာကတော့ ကျေနပ်စရာဖြစ်ပြီး ထိုက်တန်တဲ့ရလဒ်လည်းဖြစ်ကြောင်း ဖာနန်ဒက်စ်ကပြော သွားပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်က နည်းပြမော်ရင်ညိုလက်ထက်မှာ ယူရိုပါလိဂ် ဖလားရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

1 month Ago
Up