close

အမျိုးသမီး/လူငယ်

close

November 26, 2022

ပခုက္ကူမြို့၌ ဆိုင်ကယ်စီး အမျိုးသမီး နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့်ကန့်သတ်လိုက်ပြီး ၂ ရက်အကြာမှာ ဆိုင်ကယ် တစီး ၂ ယောက်စီးလာတဲ့ အမျိုးသမီး ၂ ယောက် ပစ်ခတ်ဖမ်းဆီးခံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ 

နိုဝင်ဘာ ၂၆ ရက်က အခွန်လွတ်ဈေးနားက စစ်ဆေးရေးဂိတ်မှာ စစ်ဆေးဖို့ ရပ်တန့်ခိုင်းပေမဲ့ မရပ်ဘဲ ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့လိုပဲ နှစ်ယောက်စီးတဲ့ သူတွေ ရှိတယ်။ တခြားစစ်ဆေးရေးဂိတ်တွေဆို နှစ်ယောက်စီးတာ တွေကို ဖမ်းတယ်။ ဒဏ်ငွေ ဆောင်ခိုင်းတယ်။ အခွန်လွတ်စျေးနားမှာ စစ်ဆေးတာ မရပ်လို့  သူတို့ နှစ်ယောက်ကို  စစ်သားတွေက ပစ်လိုက်တယ်။ ဖမ်းခံလိုက်ရတယ်။ ထိခိုက်ဒဏ်ရာနဲ့ နောက်ဆက်တွဲကို မကြားသေးဘူး။”

ပခုက္ကူမြို့မှာ ဆိုင်ကယ်စီးနင်းတာကို  နိုဝင်ဘာ ၂၄ ရက်က စတင် ကန့်သတ်တား မြစ်လိုက်တာဖြစ်ပြီး  မြို့အတွင်း ဆိုင်ကယ် တစီးကို လူတယောက်သာ နာရီကနေ ညနေ ၆ နာရီအထိသာ မောင်းနှင်ခွင့်ရှိတဲ့အပြင် ည ၆ နာရီမှ နောက် တနေ့ မနက် ၈ နာရီအထိ လုံးဝ စီးနင်းခွင့်မရှိဘူးကြောင်း  စစ်ကောင်စီက ကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့အတွင်းက အဓိကလမ်းမတွေနဲ့ မြို့အဝင်အထွက်​နေရာတွေမှာ စစ်ဆေးရေး တင်းကျပ်နေပြီး လတ်တလော ဆိုင်ကယ် ၂ ယောက်စီးတာကြောင့် ဖမ်းဆီးခံရသူ ၁၀ ယောက် ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရသူ အမျိုသမီး ၂ ယောက် ရှိပါတယ်။

ဒေသခံတဦးက “ဘယ်သူမဆို တစီးကို တယောက်ပဲစီးရမယ်ဆိုတော့ အကုန်အခက်ခဲ ဖြစ်နေကြတယ်။ ကျန်းမာရေးမကောင်းသူ၊ ဆိုင်ကယ် မမောင်းတတ်သူ၊ သက်ကြီးရွယ်အိုတွေ၊ စျေးသမားတွေကျ သွားရေးလာရေးခက်ခဲသွားပြီ"လို့  ပြောပါတယ်။

မကွေးတိုင်းအတွင်း အကြမ်းဖက်တွေက ဆိုင်ကယ်စီးနင်းကာ လက်နက်ငယ်နဲ့ပစ်ခတ်တာ၊ လက်လုပ်မိုင်းနဲ့ ပစ်တာ၊ မိုင်းထောင်ဖောက်ခွဲတာ၊ လုယက်တာနဲ့ပြန်ပေးဆွဲတာတွေကို လုပ်နေတာကြောင့် ရက်ပေါင်း ၆၀ ကန့်သတ်တား မြစ်လိုက်တယ်လို့ နိုဝင်ဘာ ၂၄ ရက် ပခုက္ကူမြို့ ထွေ/အုပ်ဦးစီးဌာနက ကြေညာထားတယ်လို့ ဆိုပါတယ်။

12 hours Ago

October 21, 2022

ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲမှ လိုက်ပါလာသည့် မြန်မာမိန်းကလေး ၂ ဦးကို ထိုင်းရဲ ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ကားဘော်ဒီလျှို့ဝှက်အပေါက်ထဲကနေ တရားမဝင်လိုက်လာတဲ့ မြန်မာမိန်းကလေး ၂ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ထိုင်းမှုခင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၉ ရက်က နယ်စပ်လုံခြုံရေးတပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့ဟာ  မဲဆောက် - တာ့ခ်သွား ကားလမ်းမကြီးပေါ်ရှိ ဒန်မဲ့လမော့အုပ်စု ဟွေ့ယအုစစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မဲဆောက်ဘက်ကလာတဲ့ အဖြူရောင် အီဆူးဇူးဟိုင်းလပ်ကား ၁ စီးကိုလည်း ရပ်တံ့စစ်ဆေးခဲ့ပါတယ်။ 

ကားရှေ့ခန်းမှာ ယာဉ်မောင်းနဲ့ အမျိုးသားအဖော်တဦးလိုက်ပါလာပြီး ဥပဒေမဲ့ပစ္စည်းတွေ မပါရှိတာကြောင့် သွားခွင့်ပြုလိုက်ပါတယ်။

အဆိုပါယာဉ်ထွက်ခါနီးမှာ ရဲတပ်ဖွဲ့ဝင် တယောက်က ကားနောက်ခန်းကားဘော်ဒီမှာ ပုံမှန် မဟုတ်တာကိုတွေ့ရှိတာကြောင့် ဒုတိယအကြိမ်ပြန်စစ်ဆေးပြီး ရာဘာအခင်းကို ခွါကြည့်ရာမှာတော့ ဆက်ရာတွေ့ရှိပြီး ခွာကြည့်လိုက်ရာ လျှိ့ဝှက်အပေါက်ထဲမှာ မိန်းကလေး နှစ် ယောက် လဲလျောင်းလိုက်ပါလာတာကို အံ့ဩစွာတွေ့လိုက်ရတယ်လို့ ဆိုပါတယ်။

မိန်းကလေး နှစ်ယောက်ဟာ ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး လက်မှတ်အ ထောက်အထားမရှိတာကြောင့် အဖမ်းခံရမှာစိုးရိမ်ပြီးအခုလို လိုက်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက ယာဉ်မောင်းနဲ့အဖော်ကိုရော၊ မိန်းကလေး နှစ်ယောက်ကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ဖဝေါနယ်မြေရဲစခန်းကို ဆက်လက်ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။ 

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်မငြိမ်သက် ၊ စားဝတ်နေရေး ကျပ်တည်းပြီး ဘဝလုံခြုံမှုလည်းမရှိတာကြောင့် ပြည်သူတွေဟာ ပြင်ပကိုထွက်ပြီးရှာ ဖွေလုပ်ကိုင်လာကြရပြီး အထူးသဖြင့် ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ နေ့စဉ်ဝင်ရောက်ရာမှာ အဖမ်းဆီးခံရတာဖြစ်ပါတယ်။ 

1 month Ago
Up