close
Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းပကဖ စစ်သင်တန်းဆင်းပွဲအပြီး စစ်ကောင်စီ လေကြောင်းမှတိုက်ခိုက်

မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ယမန်‌နေ့(ဩဂုတ် ၂၈ရက်)က ပြုလုပ်ရာ ကျင်းပအပြီးတွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဩဂုတ် ၂၈ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - မင်းတုန်း ပကဖ

မိထက်/People’s Spring

မင်းတုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)​၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ယမန်‌နေ့(ဩဂုတ် ၂၈ရက်)က ပြုလုပ်ရာ ကျင်းပအပြီးတွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။

မင်တုန်းပကဖ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၁)သင်တန်းဆင်းပွဲအခမ်းအနားကို မင်းတုန်းမြို့နယ်တစ်နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နံနက်၉နာရီတွင် သင်တန်းဆင်းပွဲ ပြီးဆုံးခဲ့ပြီး ၉နာရီခွဲခန့်တွင် စစ်ကောင်စီကလေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” လေကြောင်းသတင်းက ကြိုရလို့ သင်တန်းဆင်းပွဲကို အမြန်ဖြတ်လိုက်တာ။ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပတ်ပစ်တာ။ ကိုယ့်ဘက်က ထိခိုက်မှုလုံးဝမရှိခဲ့ပါဘူး။ နောက်ထပ် လေကြောင်းသတိပေးချက်တွေလည်းရထားပါတယ်”ဟု မင်းတုန်းမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

မင်းတုန်းပကဖ၏ အခြေခံစစ်ပညာသင်တန်းတွင် အမျိုးသမီးငယ်များလည်း ပါဝင်သည်။

မင်းတုန်းမြို့သည် ပုသိမ် – မုံရွာ လမ်းပေါ်တွင်ရှ်ိပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းတို့ကို ဆက်သွယ်ရာ၌ အရေးပါသည့်ဒေသများအနက် တစ်ခုဖြစ်သည်။ ထို့အပြင် ရခိုင်ရိုးမ၊ အမ်း၊ တောင်ကုတ်များနှင့် ထိစပ်နေသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်မှစတင်ကာ မင်းတုန်းမြို့ပေါ်တွင် လုံခြုံရေးတိုးမြှင့်နေပြီး အရပ်သားပြည်သူများအားစစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ပုဒ်မ ၃၃အရ အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပရှိ အထည်ချုပ်လုပ်သားများက တောင်းဆိုသည့်ကမ်ပိန်းကို ယနေ့ (ဩဂုတ် ၂၉)ပြုလုပ်ခဲ့သည်။

သတင်း

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှရဲဘော်၇ဦးအား ထုတ်ပယ်လိုက်ကြောင်း တောင်သာပကဖအဖွဲ့ကယနေ့(သြဂုတ်၂၉ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ် ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့များကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီး အားပြု၍ ခုခံလျက်ရှိ​ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အရက် သေစာမူးယစ်သောက်စားထားသည့် စစ်ကောင်စီတပ်သားအချို့မှ ဒရုန်းလွှတ်တင်ပျံသန်းစဥ် လူနေအိမ်ပေါ်ကျရောက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြော သည်။

Facebook