close
Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းရှိ အ​မြောက်တပ်ရင်းသုံးရင်းကို​ တော်လှန်​ရေးတပ်များသိမ်းပိုက်

အ​မတ (၃၅၄)တပ်ရင်းတစ်ခုသာကျန်ရှိ​တော့ဟု ကနဦးသတင်းရရှိ

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့​နှင့် မိုင်(၂၀)ခန့်ကွာ​ဝေး​သော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း လေးရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပ်ရင်းသုံးခုသိမ်းပိုက်ရထားပြီဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်များက ပြောသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ(၂၀၆)၊အမ(၄၀၆) တို့တည်ရှိပြီး အဆိုပါတပ်စခန်းများအား တအာင်းတပ်မတော်(TNLA)နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါ တပ်စခန်းများအနက် မစခ-၉၀၂၊ အမတ(၂၀၆)နှင့် အမတ(၄၀၆)တို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး အမတ(၃၅၄)တပ်ရင်း တစ်ခုသာကျန်ရှိတော့သည်ဟု သိရကြောင်း လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“သုံးခုရပြီ သိရတယ်။ ရဲဘော်တွေနဲ့ အဆက်အသွယ်ရတယ်။ သုံးခုရပြီလို့ ပြောတယ်”ဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။

နောင်ချို PDFမှ ရဲဘော်တစ်ဦးကလည်း “၃၅၄တပ်ပဲ နည်းနည်းကျန်တယ်လို့ကြားရတယ်။ ကျန်တပ်စခန်းတွေအားလုံးထိန်းချုပ်ထားနိုင်တယ်ကြားတယ်”ဟု ပြောသည်။ စစ်ကောင်စီတပ်သားများသည် တောင်းခမ်းကျေးရွာအနီးရှိ တောတောင်ကြားများတွင်လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

တောင်းခမ်းရှိ မစခ-၉၀၂ ဌာနချုပ် ကျဆုံးသွားပြီး ဗဟိုကင်း၊ အိမ်ထောင်သည်လိုင်း၊ အရာရှိကြီးများ အိမ်ယာ၊ အရာရှိရိပ်သာများ ကျပြီး ဆုတ်ခွာရန်ပြင်ဆင်နေကြသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ယနေ့ နံနက် ၁၂နာရီခန့်တွင် ရေးသားတင်နေကြသည်။

ထို့အပြင် တောင်းခမ်းကျသွား၍ ပြင်ဦးလွင်မြို့အတွက် စိုးရိမ်ရေအမှတ်ဟု ထပ်မံအသိပေးရေးသားထားသည်။

“တောင်ခမ်းကတပ်တွေအခြေအနေမကောင်းပါဘူး။ ဒါကမြေပြင်အမှန်တရားပါပဲ။ဒီတော့ပြင်ဦးလွင် အဓိကခံစစ်ဆိုလို့ဝက်ဝံကြောနဲ့ဘန့်ဘွေးခံစစ်နှစ်နဲ့ပွဲကောက်ခံစစ်ရယ်ပဲရှိတာ။

ကျန်ခံစစ်တွေကမြို့ပြဆန်လွန်းတယ်။တောင်ခမ်းကျရင်သာစည်လွင်ပြင်၊ ကျောက်ဆည်လွင်ပြင်ပေါက်ပြီ ရပ်စောက်ဗထူးတပ်နယ်လည်း ထိုးစစ်ဆင်ခံရမှာပါ”ဟု စစ်​ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုက​ရေးသားထားသည်။

​တောင်းခမ်းရှိ အဆိုပါ အ​မြောက်တပ်များသည်ပြင်ဦးလွင် မြို့ရှိ စစ်တပ်စခန်းများအတွက် အဓိကခံစစ်စခန်းများလည်းဖြစ်သည်။

စစ်​ရေးသတင်းများ၊စစ်​ရေးသုံးသက်ချက်များ​ရေးသား​ဖော်ပြ​ပေး​နေသည့် CDM ဗိုလ်ကြီးဇင်​ယော် က “ဒီ​တောင်ခမ်းတပ်နယ် ရသွားပြီဆိုရင် ပြင်ဦးလွင်ဘက်ကိုလည်း ဝက်ဝံဘက်ကသွားလို့ရသလို ၊ ​နောင်ချိုဘက်က​နေလည်းတည့်လာလို့ရတယ် ။ပြီးရင် မတ္တရာဘက်က​နေလည်း လာလို့ရတယ် ဆို​တော့ စစ်မျက်နှာအလုံးအရင်းနဲ့ ဝင်လာလို့ ရတဲ့ အ​​နေအထားမျိုး​ပေါ့ ။ပြီးရင်​​တောင်ခမ်းကရပ်စောက်​၊ ကျောက်ဂူဘက်ထိ့ ရှမ်း​တောင်အထိ့လမ်းပွင့်သွားမယ့် အ​နေအထားမျိုးလို့​ပြောရမှာဖြစ်ပါတယ် ဗျ။”ဟု သူ၏အမြင်ကို​ပြောသည်။

အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေစိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

တောင်ခမ်းတိုက်ပွဲအား စစ်ကောင်စီက လေကြောင်းပစ်ကူများလည်း ဆက်တိုက်အသုံးပြုနေသည်ဟု နောင်ချိုမြို့ခံများက ပြောသည်။ တိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။

တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်းများ၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်စီတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက စီစဥ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မစခ(၉၀၂)တပ်ရင်း ဗဟိုကင်းအပါအဝင် ၉၀ ရာခိုင်နှုန်းကျရှုံးကာ ဆုတ်ခွာရန် စုဖွဲ့နေဟုဆို

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့​နှင့် မိုင် ၂၀ ခန့်ကွာ​ဝေး​သော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ မအူနယ်မြေရဲစခန်းအား PDFများ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် ဧရာဝတီမြစ်သာခြား​သော မြတောင်ရွာမှ စစ်ကောင်စီ တပ်စခန်းများအားလုံးကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့( သြဂုတ် ၂၂) ညနေတွင် သိမ်းပိုက်လိုက်ပြီး အလံဖြူထောင်လက်နက်ချသူများနှင့် စစ်သုံ့ပန်းများပါ ဖမ်းမိထားသည်။

Facebook