close
Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းဒေသရေကြီးမှု လူသေဆုံးမှုများရှိ၊ လူဦးရေ ဆယ်ချီပျောက်ဆုံးနေဟု PNLA ပြော

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင်လည်း လတ်တလောရေကြီးမှုကြောင့် ဒေသခံပြည်သူ သေဆုံးထိခိုက်ပျောက်ဆုံးမှုများရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

သဘာဝဘေးကြောင့် ပျက်စီးသွားသည့် ပွန်ချောင်းတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ - PNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသတွင်လည်း လတ်တလောရေကြီးမှုကြောင့် ဒေသခံပြည်သူ သေဆုံးထိခိုက်ပျောက်ဆုံးမှုများရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ပြီးခဲ့သည့် ရက်များက ဟိုပုံး၊ ပင်လုံ၊ ဆီဆိုင်၊ ပင်လောင်း၊ လွိုင်လင်၊တောင်ကြီးစသည့် ပအိုဝ်းဒေသ အားလုံး၌ ရေကြီးမှုကြုံခဲ့ရသည်ဟု ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

” အဆိုးဆုံးကတော့ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသနဲ့ လွိုင်လင်မြို့နယ် ခေါင်နွဲ့ ကျေးရွာဘက်မှာဖြစ်တယ်။ မဲနယ်တောင်ဒေသ လိုင်းကင်ရွာဆိုရင် အိမ်ခြေ ၁၀၀လောက်ရှိတာ အကုန်လုံး ပျောက်သွားတာ။ နှစ်အိမ်လောက်ပဲ ကျန်တယ်။ လူသေဆုံးမှုလည်းရှိတယ်။ တချို့ကလည်း အလောင်းပြန်မတွေ့သေးဘူးလို့ သိရတယ်။ ဘယ်နှစ်ယောက်လည်းဆိုတာ တိတိကျကျ မသိသေးဘူး။ ခန့်မှန်းခြေ အဲဒီ မဲနယ်တောင်ဒေသမှာ လူ ၂၀ကျော် ပျောက်ဆုံးနေဆဲ ဖြစ်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။

လွိုင်လင်မြို့နယ် အင်ခေတ်ရွာနှင့် ခေါင်နွဲ့ကျေးရွာတို့တွင်လည်း လူဦးရေ ၃၀နီးပါး ပျောက်ဆုံးနေသည်ဟု ၎င်းက ပြောသည်။

” မဲနယ်တောင်ဒေသဆိုရင် ကားရော ဆိုင်ကယ်ရော တက်လို့ မရတော့ပါဘူး။ တောင်ပေါ် ကျေးရွာတွေကို ခြေလျင် ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေး လုပ်နိုင်မှပဲ ရမယ်”ဟု ခွန်ရိန်းယံက ပြောသည်။

ရေဘေးဆိုးဝါးရွားစွာကြုံနေရသည့်ဒေသ၌ စစ်ကောင်စီနှင့် ပြည်သူ့စစ်များလည်းရှိပြီး ပြည်သူများအား အကူအညီပေးသည့် အခြေအနေမတွေ့ရသည့်အပြင် ပြည်သူလူထုထံမှ ငွေကြေး ကောက်ခံမှုများသာ ပြုလုပ်နေဟုလည်း ခွန်ရိန်းယံက ပြောသည်။

PNLA၏နိုင်ငံရေးအဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ဒေသအချို့၌ ရေဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း PNLOက ယနေ့ ထုတ်ပြန်သည်။

မိုးသက်လေပြင်းကျရောက်ပြီး ပွန်ချောင်းရေမြင့်တက်တိုက်စားခြင်းကြောင့် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ကို ဆက်သွယ်ထားသည့် ပွန်ချောင်းတံတားပျက်စီးသွားရာ PNLO ၏ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြန်လည်ပြုပြင်တည်ဆောက်နေသည်ဟု ယနေ့ အသိပေးသည်။

ပွန်ချောင်းအရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းနေ ဒေသခံပြည်သူများအတွက် အလွန်အရေးပါသည့် ယင်းတံတားပျက်စီးသွားခြင်းကြောင့် လက်ရှိတွင် ပြည်သူများ သွားလာရေး ကုန်စည်ကူးသန်းရေးအတွက် အခက်အခဲ ဖြစ်လျက်ရှိသည်ဟုဆိုသည်။

အဆိုပါ တံတားတည်ဆောက်ရာတွင် အကူအညီများစွာလိုအပ်လျက်ရှိသဖြင့် တံတားအမြန်ပြီးမြောက်ရေး ပါဝင်လှူဒါန်းကြရန်လည်း နှိုးဆော်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာလ ၁၁ရက်က စတင်ခဲ့သည့် ရေဘေးအတွင်း ပျက်စီးဆုံးရှုံးမှုအလွန်များပြားခဲ့ပြီး သေဆုံးမှုရှိနေကြောင်း ဒေသခံများက ပြောသည်။

တောင်ပေါ်မြိုများဖြစ်သည် အောင်ပန်းနှင့် ကလောမြို့တို့တွင် စက်တင်ဘာ ၁၀ရက်ကစ၍ နေရာကွက်မိုးကြီးပြီးနောက် စက်တင်ဘာ ၁၁ရက်နံနက်ကစ၍ တောင်ကျရေဆင်းကာ ဆိုးရွားသည့် ‌ရေဘေးကြုံရခြင်းဟု ဒေသခံများက ပြောသည်။

ထို့အပြင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့်မျောပါသွားကြောင်း ရေဘေးကူညီဆောင်ရွက်နေသူများက ပြောသည်။

စက်တင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် အထက်ပါဖြစ်စဥ်မှ နှစ်ဦး၏အလောင်းအား ရှာတွေ့ထားပြီး ကျန်ရှိသူများကို ဆက်လက်ရှာဖွေနေဆဲဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် ရေဘေးသင့် ပြည်သူများကယ်ဆယ်ခြင်းထက် အရပ်သား များအား ဗုံးကြဲတိုက်ခိုက်ရန်သာ ဦးတည်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေရာ ရုပ်အလောင်းအချို့ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ် ဆောင်နေသူအချို့က ပြောသည်။

သတင်း

ရေဘေးအတွက် စစ်ကောင်စီ၏ အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အလှူခံနေသော်လည်း လှူဒါန်းမည့်သူမရှိဖြစ်နေကြောင်း စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းတိန်ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူ ၁၀ဦး ရေစီးဖြင့်မျောပါသွားကြောင်း ရေဘေးကူညီဆောင်ရွက်နေသူများက ပြောသည်။

Trending

Facebook