ဆဏ်း / People’s Spring
သရုပ်ဆောင် မင်းမော်ကွန်း သရုပ်ဆောင်ဆောင်အနေနဲ့ ပထမဆုံးပါဝင်ထားတဲ့ တော်လှန်ဇာတ်ကားကို နိုဝင်ဘာ ၉ ရက် နယူးယောက်မြို့မှာ ပြသမယ်လို့ Helping Hand for Burma -H2B အဖွဲ့ကအသိပေးထားပါတယ်။
‘ဖြတ်’ လို့ အမည်ပေးထားတဲ့ ဇာတ်ကားမှာ မင်းမော်ကွန်း ၊အောင်မြင့်မြတ် တို့နဲ့အတူ အခြားအနုပညာရှင်တွေလည်းပါဝင်ထားပြီး ဒါရိုက်တာ စောဆေးထူးက ရိုက်ကူးထားပါတယ်။
နယူးယောက်မြို့က Walter W.Brige III Theatre မှာ ပြသသွားမှာဖြစ်ပြီး နေ့လည် ၁၂ နာရီခွဲ နဲ့ ၂နာရီခွဲ ပွဲစဉ်နှစ်ခုပြသသွားမှာဖြစ်တယ်လို့ H2B က ကြော်ငြာထားပါတယ်။
“မင်းမော်ကွန်းနဲ့ သရုပ် ဆောင်အဖွဲ့ဝင်များပွဲစဉ်ပြီးတိုင်း ပရိသတ်တွေနဲ့ အွန်လိုင်းကနေတွေ့ဆုံဖို့ အစီ အစဉ်လည်းပါမှာဖြစ်ပါတယ်။ ကိုကျော့်ရဲပထမဆုံး တော်လှန်ရုပ်ရှင်ကို ကြည့်ပြီးအွန်လိုင်းမှတစ်ဆင့် တွေ့ဆုံရမဲ့အခွင့်အရေးကိုလက်မလွတ်စေချင်ပါ။ ” လို့ H2B ကဖိတ်ခေါ်ထားပါတယ်။
မင်းမော်ကွန်းက နွေဦးတော်လှန်ရေးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ တွေအတွက် ရန်ပုံငွေ ရှာတဲ့အစီအစဉ်တွေမှာလည်းည တတ်နိုင်တဲ့ဘက်ကနေပါဝင်ပေးနေသူပါ။
တော်လှန်ရေးအတွက် အနုပညာလက်နက် အမည်နဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကိုလည်း ဩစတေးလျ နဲ့ ဂျပန်မှာ ပြုလုပ်ခဲ့ပြီး ရရှိလာတဲ့ ငွေတွေကို CDM အနုပညာရှင်တွေအတွက် ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။