close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် ခိုးမှု၊ မုဒိမ်းမှုများ ကျူးလွန်ထားသည့် စစ်ကောင်စီသတင်းပေးတစ်ဦးအား ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ခိုးမှု၊ မုဒိန်းမှုများ ကျူးလွန်ထားသည့် သတင်းပေး စစ်ကောင်စီ၏ စစ်သင်တန်းဆင်းတစ်ဦးအား ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသော အေးကျော်(ခ) ၀ူခုန်းဆိုသူအား တွေ့ရစဥ်။ ဓာတ်ပုံ - မုံရွာပလဖ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ခိုးမှု၊ မုဒိမ်းမှုများ ကျူးလွန်ထားသည့် သတင်းပေး စစ်ကောင်စီ၏ စစ်သင်တန်းဆင်းတစ်ဦးအား ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက် ည ၇နာရီခန့်က မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ် ဘိုးဘွားရိပ်သာအနီးတွင် (၁၈)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီး အတူပါအမျိုးသားအား ရိုက်နှက်နှိပ်စက်ခဲ့သည့် အမှုတွင်ပါဝင်သော အသက်(၃၀)အရွယ် အေးကျော်(ခ) ၀ူခုန်းဆိုသူကို ဖမ်းဆီးရမိထားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၂၀ရက်တွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိသူ အေးကျော်သည် ပြီးခဲ့သည့် ဧပြီလ သင်္ကြန်နောက်ဆုံးရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ကန်ပတ်လမ်းတွင် ရဲများကပေါ်တာဆွဲကာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ၊ ရေအိုးစင်ဂိတ်အနီးရှိ ဆက်သွယ်ရေးတပ်ထဲသို့ ပို့ဆောင်ခံလိုက်ရကြောင်း၊ ထို့နောက် ကလေးမြို့ အမှတ်(၁၀)တန်းမြင့်လေ့ ကျင့်ရေးသင်တန်းကျောင်းသို့ ပို့ဆောင်ခံရကာ စစ်သင်တန်းကို တက်ရောက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းပြီးနောက် ၎င်းအား သင်တန်းကျောင်းမှ အရာရှိများက မုံရွာမြို့သို့ ပြန်ပို့ပြီး တစ်လလျှင် စစ်သားသစ် ၁၀ ဦး စုဆောင်း၍ နမခသို့ ပို့ဆောင်ပေးရန်နှင့် မုံရွာမြို့နယ်အတွင်းရှိ PDF သတင်းများ စုံစမ်းသတင်းပို့ရန် စေခိုင်းခဲ့ကြောင်း အေးကျော်က ထွက်ဆိုသည်။

အေးကျော်သည် စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးမှုများ ပြုလုပ်ခဲ့ပြီး အရေအတွက်ကိုမူ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပေ။

“ဒါကတော့ ပို့ခံရတဲ့သူတွေကို အထဲမှာ တခုခုလုပ်မှာစိုးလို့ လုံခြုံရေးအရမထုတ်ပြန်တာပါ။ မတရားခေါ်ဆောင်တာတွေကြောင့်ပါ။”ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်ကပြောသည်။

မုံရွာသို့ပြန်ရောက်ပြီးနောက်ပိုင်း အေးကျော်သည် ချစ်ကောင်းဆိုသူနှင့်ပေါင်း၍ ဆိုင်ကယ်များ လိုက်လံခိုးယူရောင်းစားခဲ့ရာ စုစုပေါင်း ဆိုင်ကယ် ၉ စီးရှိကြောင်း သိရသည်။

ထို့အပြင် အုပ်စုဖွဲ့မုဒိမ်းမှုတွင် ၎င်းအပြင် ဘိုဘုလုံး(ခေါ်) လက်တို ၊ ကျော်ခိုင်နှင့် ကဒေါင်တို့ပါဝင်ပြီး ကျော်ခိုင်နှင့် ကဒေါင်တို့အား စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း၊ ဘိုဘုလုံး (ခေါ်) လက်တိုမှာ ထွက်ပြေးနေကြောင်း သိရသည်။

ထွက်ပြေးနေသည့် ဘိုဘုလုံး(ခေါ်)လက်တို၊ အသားညို၊ ဂင်တို ၊ ဘယ်ဘက်လက်ပြတ် (တံတောင်ဆစ်နားမှ ပြတ်) သူအားတွေ့ရှိပါက မုံရွာမြို့နယ် ပအဖ၊ ပကဖ၊ ပလဖ များထံသို့ ဆက်သွယ် သတင်းပေးပို့ပေးကြပါရန်နှင့် ဖမ်းဆီးရရှိသေူ အေးကျော်(ခ) ဝူခုန်းကိုလည်း တရားဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း မုံရွာပလဖက ထုတ်ပြန်ထားသည်။

မုံရွာမြို့နယ် ပကဖနှင့်မုံရွာမြို့နယ် ပလဖတို့ပူးပေါင်း၍ စက်တင်ဘာ ဒုတိယပတ်အတွင်းကလည်း ပျူစောထီး၂ဦးဖြစ်သော တောပုပျူရွာမှ အောင်ဆန်းမြင့်နှင့် ကန့်ဘလူမှ ဝင်းကိုတို့အား ဂျမ်ပါစက်တလုံး၊ လက်ပစ်ဗုံး၊ ကျည်ဆန်၊ကျည်ဘောက်အစရှိသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကန့်ဘလူမြို့နယ်မှ သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ဝါသဝ၏ တပည့်အပါအဝင် ပျူစောထီးနှစ်ဦးအား ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုက်ခိုက်မှုအတွင်း လက်နက်ကြီးများ ကျရောက်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီရေယာဥ်နှစ်စီးအား တိုက်ခိုက်ရာ တစ်စီးသိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ပြောသည်။

သတင်း

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း မုဒိမ်းမှုကိုအရေးမယူဘဲ ထောင်အာဏာပိုင်တွေက သတင်းဖုံးထားတဲ့လုပ်ရပ်ကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ကန့်ကွက်ဆန္ဒပြလိုက်ကြပါတယ်။

Facebook