close
Connect with us

Hi, what are you looking for?

သတင်း

KIA/KPDF က စစ်ကောင်စီ ရေယာဉ်ကိုတိုက်ခိုက်​သော ရုပ်သံမှတ်တမ်း ထွက်ပေါ်

ကချင်ပြည်နယ်သို့ စစ်အင်အား၊ ရိက္ခာခဲယ်းဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စီးအား ပစ်ခတ်ထိမှန် ပေါက်ကွဲမှု ဖြစ်ပွားသည့် ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ဖော်ပြအသိပေးသည်။

ဗန်းမော်မြို့သို့ဆန်တက်လာ​သော စစ်​ကောင်စီတပ်​ရေယာဥ်များကို KIA နှင့် KPDF တပ်ဖွဲ့ဝင်များကတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်သို့ စစ်အင်အား၊ ရိက္ခာခဲယ်းဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စီးအား ပစ်ခတ်ထိမှန် ပေါက်ကွဲမှု ဖြစ်ပွားသည့် ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ဖော်ပြအသိပေးသည်။

ကချင်ပြည်နယ်သို့ စစ်အင်အားနှင့် စက်လက်နက်ခဲယမ်းများ၊ ရိက္ခာများဖြည့်တင်းရန် ရေကြောင်းမှလာသည့် စစ်ကောင်စီ၏ ရေယာဉ်အုပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ရာ စက်တင်ဘာ ၁၇ရက်တွင် ရွှေကူ – ဗန်းမော်ကြား၌ ရေယာဉ် ၆စီး၊ စက်တင်ဘာ လဆန်းတွင် ထီးချိုင့်မြို့ နယ်တွင် ၂စီး KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ရေယာဉ်များ မီးလောင်ပေါက်ကွဲ နစ်မြုပ်မှုများ ရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောထားသည်။

Public Service Announcement

Public Service Announcement

(KIA နှင့် KPDF တို့ကစစ်​ကောင်စီစစ်ကောင်စီသင်္ဘောများကို ဧရာဝတီမြစ်အတွင်းတိုက်ခိုက်​နေ​သောမှတ်တမ်း။ရုပ်သံ-ကချင်​တောင်တန်း)

စစ်ရေယာဉ်တစ်စီးကို လက်နက်ကြီးဖြင့် ပစ်ခတ်စဉ်ပြင်းထန်စွာ​ပေါက်ကွဲပြီထိမှန်၍ မီးခိုးလုံးတက်လာခဲ့သည့် ကချင်​တောင်တန်းတယ်လီဂရန်မှတင်ထား​သော ရုပ်သံမှတ်တမ်းသည် စက်တင်ဘာ ၁၇ရက်၊ ၁၈ရက် က ရွှေကူ – ဗန်းမော်ကြားတိုက်ခိုက်မှု ဖြစ်စဉ်တွင်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“မနေ့က ကျနော်ကြားတာက ဗန်းမော်မှာ တက်သွားတဲ့ စစ်သင်္ဘောတစ်စီးက ပြန်ဆင်းလာတယ်။ ဆင်းလာတဲ့ သင်္ဘောကိုပစ်လိုက်တယ်လို့လည်း သတင်းရတယ်။ ဒီပုံကတော့ ဟိုနေ့ (စက်တင်ဘာ ၁၇ရက်) ကဟာ” ဟု ၎င်းက ပြောသည်။

အခြားစစ်​ရေးရင်းမြစ်တဦးကလည်း ဧရာဝတီမြစ်အတွင်ယစစ်တပ်​ရေယာဥ်အုပ်စုကို KIA ကတိုက်ခိုက်ခဲ့​သောရုပ်သံမှတ်တမ်းဖြစ်​ကြောင်းအတည်ပြုသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း KIA/PDF ပူးပေါင်းတပ် တိုက်ခိုက်ဖျက်ဆီးခဲ့၍ မီးလောင်နေသည့် ရေယာဉ် အချို့၏ ဓာတ်ပုံနှင့် အဆိုပါ ရေယာဉ်များပေါ်၌ ပူးပေါင်းတပ်ဖွဲ့ အောင်ပွဲခံနေမှု ဓာတ်ပုံများ လူမှုကွန်ရက်၌ ထွက်ပေါ်လာခဲ့သည်။

ဧရာ၀တီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်ကောင်စီ ရေယာဉ်အုပ်စုအား လမ်းတလျှောက် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရေယာဉ် ၈စီးပျက်စီးခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ရွှေကူ – ဗန်းမော်အကြားတွင် ၆စီး၊ ထီးချိုင့်မြို့နယ်တွင် ၂စီးတိုက်ခိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။စစ်ကောင်စီ၏ ဖလက်သံခွန်သင်္ဘော ၇စီးအနက် ၂စီးသည် ဒုတိယမြစ်ကျဉ်းအထက်နား၌ လက်နက်ကြီးထိမှန် နစ်မြုပ်ခဲ့ပြီး ၄စီးသည် ဗန်းမော်မြို့နယ် မြလည်ကျေးရွာအနီးတွင် လက်နက်ကြီးထိမှန် မီးလောင်ပျက်စီးခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကောင်စီသင်္ဘောများတိုက်ခိုက်ဖျက်ဆီးနိုင်မှု အခြေအနေနှင့်ပတ်သက်၍ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ People’s Spring က ဆက်သွယ်ထားဆဲဖြစ်ပြီး ပြန်ကြားချက် မရသေးပေ။ သို့​သော် ဗိုလ်မှူးကြီး​နော်ဘူက စစ်ကောင်စီသင်္ဘောများထဲမှာ ၇ စီးကို KIA နှင့်ပူး​ပေါင်းတပ်များကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီ ၁ စီးသာဗန်း​မော်မြို့သို့​ရောက်ရှိ​ကြောင်း ​ဖြေကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ယမန်နေ့(စက်တင်ဘာ ၂၃ရက်)ညနေတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်တစ်အိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်လေးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ခံစစ်အသေလုပ်နေပါက စစ်ရှုံးတက်၍ မိုင်းရယ်၊ တန့်ယန်းရှိ တပ်များအပါအဝင် စစ်ကောင်စီတပ်များကို MNDAA တိုက်ခိုက်ရန်လိုဟု CDM ဗိုလ်ကြီးပြော

သတင်း

အာဏာသိမ်းစစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က အနီးကပ် စောင့်ကြည့်နေကြောင်း ယမန်နေ့(စက်တင်ဘာ ၂၃ရက်)တွင် သတင်းထုတ်ပြန်သည်။

Facebook