close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် အထင်ကရစျေးတစ်နေရာမှာ သပိတ်အင်အားစုက အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ပြီး ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ)က လုံခြုံရေးယူပေးကာ ပူးပေါင်းဝန်းရံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာမှာလည်း ၅/ဆလကလူထုသပိတ်စစ်ကြောင်း၊၅/လက်ပံတောင်းစစ်ကြောင်း ၊ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနဲ့ကျေးလက်တော်လှန်လူထုအသံသပိတ် စစ်ကြောင်း ပူးပေါင်းကာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ထားရှိရေးအတွက် ထောက်ခံသပိတ်ပြုလုပ်ခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ် အင်အားစုက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ သံတမာန် ရေးရာတိုက်ပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ထောက်ခံဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ မြို့အတွင်းဝင်ရောက်ပြီး “ငါတို့မြို့ ငါတို့ပိုင်တယ်” စာသားကိုင်စွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ပါတယ်။

ဒါ့အပြင် စစ်အကြမ်းဖက်အုပ်စုမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ၊ ရဲတွေကို ပြည်သူ့ထံ အလင်းဝင်ပြီး ပြည်သူနဲ့အတူရပ်တည်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဓာတ်ပုံ – အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင်သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေး ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိဖို့ ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၁) မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (စက်တင်ဘာ ၂၀) မှာလည်း အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသောယာဥ် တိုက်ခိုက်ခံရပြီး ယာဥ်ပေါ်လိုက်ပါလာသူအချို့ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။