close
Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကောင်စီကလေကြောင်းထပ်မံတိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

မြိုင်လေကြောင်းတိုက်ခိုက်မှု၌ ကျရောက်ခဲ့သော ကျည်များအား တွေ့ရစဥ်။ဓါတ်ပုံ-မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကောင်စီကလေကြောင်းထပ်မံတိုက်ခိုက်ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၂၃ ရက်) နေ့လယ် ၁၂နာရီ ကျော်က မြိုင်မြို့မြောက်ဘက်၊ အင်းရောင်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတစ်ပါးနှင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်သူများ၏ အသေးစိတ်အချက်အလက်များအား လက်တလောမသိရသေးပေ။

ထို့အပြင် မြိုင်မြို့နယ် ကန်ကြီးတောကျေးရွာကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးကြောင်း ဒေသခံများက ပြောသည်။

“အင်းရောင်းရွာက မနေ့ညကကို နှစ်စီးနဲ့ လာကြဲသေးတယ်။ အထိအခိုက်ကတော့မသိရသေးဘူး။”ဟု မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

အလားတူ ယမန်နေ့ ညနေ ၅ နာရီခွဲခန့်ကလည်း မြိုင်မြို့နယ်၊ ကံကြီးတောရွာ

စာသင်ကျောင်းနှင့် အနီးကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ရာ နေအိမ်တစ်လုံးပျက်စီးပြီး ဘုန်းကြီးကျောင်း အနည်းငယ်ပျက်စီးကြောင်း ဒေသခံများက ​ပြောသည်။

ထို့အပြင် ယမန်နေ့ကပင် ရေစကြိုနှင့် မြင်းခြံမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်တစ်ဦးအပါအဝင် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ဦး သေဆုံးခဲ့သေးသည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်နေပြီး စက်တင်ဘာ ၂၀ နှင့် ၂၁ရက်က ဖားကန့်၊ နောင်ချို၊ စဥ့်ကူး၊ မတ္တရာမြို့နယ်များတွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနည်းဆုံးပြည်သူ ၉ ဦးသေဆုံးကာ ၁၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်သို့ စစ်အင်အား၊ ရိက္ခာခဲယ်းဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ ရေယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ရေယာဉ်တစ်စီးအား ပစ်ခတ်ထိမှန် ပေါက်ကွဲမှု ဖြစ်ပွားသည့် ရုပ်သံကို ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့ညပိုင်း၌ ဖော်ပြအသိပေးသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက လူပုဂ္ဂိုလ်အချို့အား အများမျက်မှောက် အမှုစစ်ဆေးခြင်းမပြုဘဲ သေဒဏ်ချမှတ်ကာ ကွပ်မျက်ရန်ရှိသည်ဆိုသည့် သတင်းများအား မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က အနီးကပ် စောင့်ကြည့်နေကြောင်း ယမန်နေ့(စက်တင်ဘာ ၂၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

ဟန်နွေ/People’s Spring ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၄ရက်မနက်အစောတွင် လေကြောင်းမှ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ည သန်းခေါင်ကျော်( ယနေ့မနက် အစော နံနက် ၁နာရီခွဲခန့်တွင်) စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက်(၂)ရှိ ရထိုက် ဟိုတယ်...

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ ယနေ့ (စက်တင်ဘာ ၂၃ရက်) ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားနေပြီး သေနတ်သံများဆူညံနေကြောင်း ဒေသခံအချို့က ပြောသည်။