မိထက်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စစ်တင်ဘာလ ၂၈ရက်)ည ၈နာရီ ၃၄ မျနစ်၌ လေကြောင်းမှ ထပ်မံ ဗုံးကြဲရာထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။
လားရှိုးမြို့၊ ရပ်ကွက် ( ၈ ) ရပ်ကွက်ရုံးအနောက် ကားဝပ်ရှော့ပေါ်သို့ကျရောက်ပေါက်ကွဲပြီး လူနေအိမ်များပျက်စီးကာ လူထိခိုက်မှု မသိရသေးကြောင်း ဒေသခံတစ်ဦးကပြောသည်။
“နောက်ထပ်လေယာဉ်ပတ်နေလို့ဘာမှ မလုပ်နိုင်သေးဘူး။ လူထိခိုက်တာရှိတယ်။ မသိရသေးတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောက်စီသည် လားရှိုးမြို့ကို သြဂုတ်လကုန်ပိုင်းမှစ၍ စက်တင်ဘာ ၂၈ ရက်အထိ အနည်းဆုံး ၇ ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ ယနေ့ည ဗုံးကြဲမှု မတိုင်ခင် အထမ ၆ ကြိမ်တွင် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၄၀ ခန့်ဒဏ်ရာရခဲ့သည်။