close
Connect with us

Hi, what are you looking for?

သတင်း

တွန်းဇံမြို့နယ်တွင် သန်း​ခေါင်စာရင်း​ကောက်သူတစ်ဦးကိုPDF Zoland ဖမ်းဆီး

စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီအတွက် သန်း​ခေါင်စာရင်း​ကောက်သူကို PDF Zolandက ဖမ်းဆီးထားစဥ်။ ဓါတ်ပုံ-PDF Zoland

လူအေး/ People’s Spring

စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် တက်ကြွပါဝင်သူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း PDF Zoland က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်၌ စစ်ကောင်စီနှင့်အတူ သန်းခေါင်စာရင်းကောက်နေသည့် U Kam Lian Thangအား PDF Zoland မှ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

PDF Zoland နှင့်.ချင်းညီ​နောင်( Chin Brotherhood) တို့၏ ထုတ်ပြန်တားမြစ်ချက်များကို မလေးစား မလိုက်နာဘဲ စစ်‌ကောင်စီ နှင့် ပူးပေါင်းဆောင်ရွက်နေ၍ ဖမ်းဆီးခြင်းဖြစ်ပြီး အခြား ပါဝင်လှုပ်ရှားသူများရှိလာပါက အလားတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီ၏ အိမ်ထောင်စုစာရင်း ကောက်ခံခြင်းလုပ်ငန်းတွင် မပါဝင်ရန်နှင့် ပါဝင်သူများကိူ အရေးယူမည်ဟု PDF Zolandနှင့် Chin Brotherhood တို့က ထုတ်ပြန်ထားသည်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – ဟားခါး(CDF-Hakha) ကလည်းဟားခါးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်မည့် Non CDM များကို စစ်ကောင်စီတပ်ဖွဲ့အဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ရက် နေ့တွင် ထုတ်ပြန်ထားသည်။

စစ်​ကောင်စီက ​အောက်တိုဘာ ၁ ရင်မှ ၁၅ ရက်အတွင်းသန်း​ခေါင်စာရင်း​ကောက်ယူမည်​ကြေညာပြီး ​ဒေသအချို့တွင် ​အောက်တိုဘာ ၁ ရက်မတိုင်ခင်ကတည်းကစတင်​ကောက်ခံ​နေသည်။​စစ်​ကောင်စီ သန်း​ခေါင်စာရင်းမှာ​တော်လှန်​ရေးအင်အားစုများ ၊ပြည်သူများ၏ အချက်အလက်များကိုစစ်​ကောင်စီကရလိုသဖြင့် အ​ကြောင်းပြစာရင်း​ကောက်ခံမှုဖြစ်၍ ပြည်သူများကမပူး​ပေါင်းဘဲ ဆန့်ကျင်ကြရန် ​တော်လှန်​ရေးအင်အားစုများကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုအပေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဘောထား ထုတ်ပြန်ကြေညာခဲ့ရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။

သတင်း

တွန်းဇံမြို့သိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက မေလ ၁၇ရက်တွင် ဖော်ဆောင်ခဲ့ရာ တစ်ပတ်အတွင်း မြို့ကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးခန့် အရှင်ဖမ်းမိကာ လက်နက် ၁၀၀ ကျော်သိမ်းပိုက်ရရှိခဲ့သည်။

သတင်း

ချင်းညီနောင်တပ်ဖွဲ့ဝင်များထက် စစ်ကောင်စီက ချင်းအမျိုးသားတပ်မတော် (CNA) ပူးပေါင်းတပ်များ မြို့သိမ်းတိုက်ပွဲဖော်ဆောင်လာမည်ကို စိုးရိမ်နေသည်ဟု ချင်းသတင်းရင်းမြစ်က သုံးသပ်သည်။

သတင်း

စစ်ကောင်စီတပ်က တွန်းဇံမြို့ခံများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။

Facebook