close
Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်ခရီးထွက်မည့်လူငယ်များ စစ်မှုထမ်းရန်ဖမ်းဆီးခေါ်နိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများ သတိပေး

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအနေဖြင့် လမ်းခရီး၌ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

နေပြည်တော်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအနေဖြင့် လမ်းခရီး၌ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

ယခုအခါ စစ်ကောင်စီသည် စစ်မှုထမ်းရန်အတွက် လူငယ်များအား ဒေသအသီးသီးရှိ လမ်းပိုင်း စစ်ဆေးရေးဂိတ်များ၊ ယာဥ်​စစ်ဆေးရေးအဖွဲ့များ၌ ဖမ်းဆီးနေကြောင်း၊ မကြာခင် သီတင်းကျွတ်ပိတ်ရက်ရောက်လာတော့မည်ဖြစ်၍ အလည်အပတ်ခရီးထွက်မည့်သူများ သတိထားသွားလာရန် တော်လှန်ရေးအင်အားစုများက သတိပေး ပြောကြားသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီတပ်တွေရဲ့ မတရား ပေါ်တာဆွဲမှုတွေကို အထူးဂရုစိုက်ပြီး သွားကြလာကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။ နိုင်ငံ့အတွက်လည်း အခုကာလက သေရေးရှင်ရေး အရေးကြီးနေတဲ့အဆုံးအဖြတ်ကာလရောက်နေတော့ စစ်အာဏာရှင်တွေအတွက် ကိုယ့်လုပ်ရပ်တွေဟာ အသုံးချစရာ မဖြစ်ဖို့ ပြောချင်ပါတယ်။”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုခန့်ဝေဖြိုးက ပြောသည်။

စက်တင်ဘာအတွင်းကပင် မန္တလေးမြို့၊ တံတားဦးမြို့၊ ကျောက်ဆည်၊ စဥ့်ကူး၊ စစ်ကိုင်း၊ မုံရွာ၊ ရေဦးမြို့နယ်များမှ လူငယ်ရာချီ စစ်မှုထမ်းရန်ဖမ်းဆီးခံရကြောင်း၊ ဖမ်းဆီးခံရသူများ​တွင် ခရီးထွက်လာရင်း ဖမ်းဆီးခံရသူအများအပြား ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

“ဆိုင်ကယ်စီးတာ ဦးထုပ်မပါလို့ဆိုပြီးဖမ်းတာ။ စစ်မှုထမ်းထဲခေါ်သွားတယ်။”ဟု စစ်ကိုင်းမြို့အဝင်၌ ဖမ်းဆီးခံရသူလူငယ်၏ ဆွေမျိုးသားချင်းတစ်ဦးက ပြောသည်။

မန္တလေးမြို့အနီး စစ်မှုထမ်းရန်ဖမ်းဆီးခံရသည့်မြေပြင်အခြေအနေများ ဖော်ပြနေသော Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက “ပြည်သူတွေကိုဂရုစိုက်ကြပါ။ တနေ့တော့ စစ်ပွဲက သေချာပေါက်ကိုယ့် အိမ်ရှေ့ကို ရောက်လာကြလိမ့်မယ်။ စကစရဲ့ လက်ကိုင်တုတ်အနေနဲ့ မဖြစ်မိစေဖို့ ပြည်သူ့ကာကွယ် ရေးတပ်များထံအကူအညီယူကာ ရှောင်တိမ်းကြဖို့ ဒါပါပဲ။”ဟု ပြောသည်။

ယခုနှစ်သီတင်းကျွတ်ပိတ်ရက်သည် အောက်တိုဘာ ၁၆ ရက်မှ ၂၀ ရက်အထိ ၅ ရက်ရှိမည်ဖြစ်သည်။ စစ်ပွဲများဖြစ်ပွားနေသော်လည်း မြို့ကြီးများမှပြည်သူအချို့က မန္တလေး၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနှင့် ဧရာဝတီတိုင်းရှိ ကမ်းခြေများသို့ ခရီးထွက်ရန် ပြင်ဆင်နေသည်။

စစ်ကောင်စီကလည်း မြို့အဝင်ဂိတ်များ၊ လမ်းပိုင်းစစ်ဆေးရေးဂိတ်များ၌ ခရီးသွားများ၏ ဖုန်းများကိုပါ စစ်ဆေးပြီး ခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်မှူထမ်းအပတ်စဥ်(၅)အား စတင်နေပြီး မကြာမီ အပတ်စဥ် (၆) သင်တန်းအတွက် လူစုနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ကျော် ဖမ်းဆီးခံရကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay က ပြောသည်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင်ထဲက ကမမောင်းမြို့မှာ အမျိုးသားတွေကို စစ်မှုထမ်း ဖို့အတွက် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ စာရင်းကောက်ခံပြီး စစ်သင်တန်းပေးဖို့ စီ စဉ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး၊ မုံရွာ အစရှိသည့် မြို့ကြီးများအပါအဝင် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်အချို့၌ စစ်ကောင်စီက လူငယ်များအား စစ်မှုထမ်းရန် အဓမ္မလိုက်လံဖမ်းဆီးခေါ်ဆောင်နေကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့ပေါ်က ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ စာရင်းပါတဲ့ နေအိမ်တွေကို စစ်ကောင်စီ အုပ်ချုပ်ရေး ပိုင်းက စောင့်ကြည့်ပြီး စစ်မှုမထမ်းဘဲ တိမ်းရှောင်ရင် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိလာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

Facebook