close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခင်ပွန်းသည်ကို ဆန့်ကျင်ရပ်တည်ပြီး ကိုယ်ဝန်ဖျက်ချမှု လွတ်လပ်ခွင့်ကို မယ်လာနီယာထရမ့် ထောက်ခံ

အမေရိကန် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ထွက်ပေါ်လာတဲ့ မယ်လာနီယာ ထရမ့်ရဲ့ စာအုပ်ထဲမှာတော့ ခင်ပွန်းဖြစ်သူ ဒေါ်နယ်လ်ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ မဲဆွယ် စည်းရုံးမှု တစ်ခုကို အတိအလင်း ဆန့်ကျင် ရပ်တည်ထားတာ တွေ့ရပါတယ်။

အမေရိကန် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ထွက်ပေါ်လာတဲ့ မယ်လာနီယာ ထရမ့်ရဲ့ စာအုပ်ထဲမှာတော့ ခင်ပွန်းဖြစ်သူ ဒေါ်နယ်လ်ထရမ့်ရဲ့ ရွေးကောက်ပွဲကြို မဟာဗျူဟာ မဲဆွယ် စည်းရုံးမှု တစ်ခုကို အတိအလင်း ဆန့်ကျင် ရပ်တည်ထားတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဝင်မယ့် သမ္မတဟောင်း ထရမ့်ဟာ အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့်ကို တားဆီးပိတ်ပင်သင့်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပြီး အဲဒီကိစ္စ ခိုင်မာစေဖို့ လုပ်ဆောင်မယ်လို့ မဲဆွယ်ခဲ့ပါတယ်။ ဒါပေမဲ့ မယ်လာနီယာရဲ့ အသစ်ထွက်ရှိလာမယ့် ကိုယ်ရေး အမှတ်တရ စာအုပ်သစ်မှာတော့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်နဲ့ ပတ်သက်လို့ ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့် အပြည့်ရှိသင့်ကြောင်း ရေးသားထားခဲ့တာပါ။

မယ်လာနီယာရဲ့ သဘောထားဟာ ထရမ့်ရဲ့ ရွေးကောက်ပွဲပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ကာမာလာ ဟားရစ်ရဲ့ မဲဆွယ် စည်းရုံးမှု သဘောထားနဲ့ တူညီနေပါတယ်။

Public Service Announcement

Public Service Announcement

မယ်လာနီယာရဲ့ စာအုပ်ထဲကနေ ကြိုတင် ကောက်နုတ်ချက်အရ သူဟာ ကလေးယူဖို့ ဆိုတာကို ဆုံးဖြတ်ရာမှာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်ပြီး အစိုးရ အပါအဝင် ပြင်ပဖိအားပေးမှုတွေက မအပ်စပ်ဘူးလို့ ယုံကြည်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဒါဟာ ခင်ပွန်းသည် ထရမ့်ရဲ့ အတွေးအမြင်နဲ့ တိတိကျကျကြီး ဆန့်ကျင်တဲ့ သဘောထားကို ထုတ်ပြခဲ့တဲ့ အဓိပ္ပါယ်ပါ။

၂၀၂၂ မှာ အမေရိကန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အရ အရင်က ကိုယ်ဝန်ဖျက်ချခွင့် ပေးထားမှုကို အမေရိကန်မှာ ပြန်လည် ရုပ်သိမ်းခဲ့ပြီး ပြည်နယ် ၂၀ ထက်မနည်းဟာ အမျိုးသမီးတွေရဲ့ ကိုယ်ဝန်ဖျက်ချပိုင်ခွင့်ကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကန့်သတ်လာခဲ့ပါတယ်။ ဂျော်ဂျီယာ ပြည်နယ်မှာဆိုရင် ကိုယ်ဝန်သက်တမ်း ၆ ပတ်အထက် အားလုံးနီးပါးကို ဖျက်ချခွင့် ပိတ်ထားလိုက်ပါတယ်။

ထရမ့်ရဲ့ ရွေးကောက်ပွဲကြို အခင်းအကျင်း တစ်ခုကို ဇနီးသည် ကိုယ်တိုင်က ဆန့်ကျင်လာတဲ့ ကိစ္စအပေါ် ပြိုင်ဘက် ကာမာလာဟားရစ်ရဲ့ မဲဆွယ်စည်းရုံးရေး အဖွဲ့ကလည်း ကောင်းကောင်းကြီး အသုံးချခဲ့ပါတယ်။ ထရမ့်ရဲ့ ဇနီးဖြစ်သူ သမ္မတ ကတော်ဟောင်း ကိုယ်တိုင် အပါအဝင် အမေရိကန်က အမျိုးသမီး အများစုဟာ ကိုယ်ဝန်ဖျက်ချပိုင်ခွင့် တားဆီးမိန့်ကို သဘော မတူကြကြောင်း၊ အမေရိကန် အမျိုးသမီးတွေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ ထရမ့်သဘောကျတဲ့ ကိုယ်ဝန်ဖျက်ချခွင့် တားဆီးရေး သတ်မှတ်ချက် ဆိုတာဟာ သူတို့ရဲ့ ကျန်းမာရေး၊ လွတ်လပ်ခွင့်နဲ့ ဘဝတွေကို ထိခိုက်စေတယ်လို့ ယူဆနေကြကြောင်း ဟားရစ်အတွက် မဲဆွယ် စည်းရုံး လှုပ်ရှားမှုမှာ ပြောရေးဆိုခွင့်ရ အရာရှိအဖြစ် တာဝန်ယူထားသူ ဆာရာဖီနာ ချီတီကာက ပြောကြားသွားပါတယ်။

ထရမ့်ကတော့ ဒီကိစ္စမှာ အမြင်မတူနိုင်တာတွေ အများကြီး ရှိတယ်ဆိုတာကို သဘောပေါက်ထားပြီး ဖြစ်ကြောင်း၊ သူကိုယ်တိုင်က ဇနီးဖြစ်သူကို ကိုယ်ပိုင်အမြင်နဲ့ ပတ်သက်ပြီး ရိုးရိုးသားသား ထုတ်ပြောဖို့ တိုက်တွန်းခဲ့ကြောင်း ဆိုပါတယ်။ မယ်လာနီယာ အနေနဲ့ ကိုယ်ယုံကြည်တဲ့အတိုင်း ရေးသားနိုင်တယ်လို့ တိုက်တွန်းခဲ့ကြောင်း၊ အဲဒီစာအုပ်မှာ ဘာတွေ ရေးရမယ်ဆိုတာ မယ်လာနီယာကို သူက ဝင်ပြီး စွက်ဖက် ညွှန်ကြားခဲ့တာ မဟုတ်ကြောင်း၊ ဒီတော့ အခုကိစ္စမှာ တခြားသူတွေဆီကလည်း ကွဲပြားတဲ့ အမြင်တွေ ထပ်ရှိနေဦးမှာကို လက်ခံထားကြောင်း အောက်တိုဘာ ၃ ရက်နေ့က Foxနဲ့ အင်တာဗျူးမှာ ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟစ်ဇ်ဘိုလာ ခေါင်းဆောင်ကို ပစ်မှတ်ထား လုပ်ကြံခဲ့တဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအကြောင်း ကြိုတင် မသိခဲ့ဘူးလို့ အမေရိကန်က အစိုးရက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟာရီကိန်းမုန်တိုင်း ဟယ်လင် ဝင်ရောက်တိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ လူ ၄၀ ကျော် အနည်းဆုံး သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း အများအပြား ကြုံတွေ့ခဲ့ပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သည့်စစ်ကောင်စီသည် သတင်းအတုများလုပ်ကြံပြီးဝါဒဖြန့်နေဟုထုတ်ပြန်

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲအတွက် ယူကရိန်းက အဆိုပြုလိုတဲ့ အောင်ပွဲ အစီအမံကို သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန် အစိုးရဆီ တင်ပြ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Facebook