close
Connect with us

Hi, what are you looking for?

သတင်း

လိပ်သိုမြို့ရှိ ခမရ(၆၀၃)ဗဟိုကင်းစခန်းအား PDFပူးပေါင်းတပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်‌ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်‌ရေးပူးပေါင်းအဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ သတင်းပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၂၈ရက်က တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂စစ်ဒေသခွဲ၊ PDF တပ်ရင်း ၃၅၀၂၊ တပ်မဟာ ၂ တပ်ရင်း ၅၊ အထူးတပ်ရင်း တို့ပူးပေါင်းပြီး ခမရ(၆၀၃)ဗဟိုကင်းစခန်းကို ၁၁၄ မမ ရှော့တိုက်ဒုံး ၂လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ ရိက္ခာဂိုထောင်၊ မော်တော်ယာဉ်ဂိုထောင်နှင့် မော်တော်ယာဉ် ၃စီးထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရရှိခဲ့ဟုထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ဟုလည်း အသိပေးထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၆ရက်ကလည်း တောင်ငူလေတပ်စခန်း ဌာနချုပ်ကို ၁၁၄ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ လေတပ်စခန်းဌာနချုပ်အတွင်း ထိခိုက်သေဆုံး ပျက်စီးမှု ရှိခဲ့ဟု တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ဩဂုတ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများဖော်ဆောင်ခဲ့ရာ ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ ဖြူးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်းတည်မြို့နယ်၊အုတ်တွင်းမြို့နယ်တို့၌ စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများ ပေါ်တာဆွဲသွားရန် ပြင်ဆင်နေစဥ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon GBK-PDF မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သတင်း

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းမှ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-၁ ကို ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့၏ တာဝန်ခံ ကိုမီးပွားကပြောသည်။

သတင်း

စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်း ဌာနချုပ် ကို ရှော့တိုက်ဒုန်း ၊ ကာမီကာဇေ အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ၅ ဦးထက်မနည်းသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

Facebook