close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ချပ်ကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၃ဦးသေ၊ ၂၀ခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီး၌ ဩဂုတ် ၂၇ရက်‌က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကာ လက်နက်ခဲယမ်းအချိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီး၌ ဩဂုတ် ၂၇ရက်‌က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကာ လက်နက်ခဲယမ်းအချိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်သည်။

ချပ်ကြီးကျေးရွာမှလာသော စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၃၆၁နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၅၀ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့က ပြောက်ကျားနည်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် သုံးလက်နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသည်။

” တိုက်ပွဲတွေ ရှိနေတယ်။ စစ်ကောင်စီကလည်း သူတို့စခန်းတွေကို ကြိုကာတဲ့အနေနဲ့ စစ်ကြောင်းတွေထွက်လာတယ်။ လက်ရှိကို စစ်ရေးတင်းမာနေတာပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် သေဆုံးရုပ်အလောင်းသုံးလောင်းအား ထားခဲ့ကာ ဒဏ်ရာရသူများအား ဆွဲခေါ်ပြီး ချပ်ကြီးကျေးရွာသို့ပြန်ဝင်သွားကြောင်း သတင်းရရှိသည်။။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတားဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ၁၆ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ ထီးချိုင့်၊ပင်လယ်ဘူးမြို့နယ်များကို အမှတ်(၁) စစ်ဒေသအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း က မြပတိုင်ကျေးရွာအနီးမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်လို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ယမန်နေ့ (သြဂုတ် ၂၇) ညနေပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်မ (၆၆)လက်အောက်ခံ တပ်ရင်းမှူးတစ်ဦးအပါအဝင် အများအပြားသေဆုံးကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)တပ်မဟာ (၆)တပ်ရင်း (၁၇)ထံသို့ ခလရ-၃၂ တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

Facebook