close
Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀ရက်အတွင်း နေရာ လေးနေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၀ရက်အတွင်း နေရာ လေးနေရာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်၂၉ရက် ညပိုင်းက ခင်ဦးမြို့နယ်၊ စည်ပုတ္တရာနှင့် သေနပ်စိန်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြိုနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ သြဂုတ် ၁၉ ရက်ကလည်း ဗအိုးကျေးရွာကို လေကြောင်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်ကလည်း မုံလှကျေးရွာအား လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

သြဂုတ် ၁၇ ရက်မှ ၁၉ရက်အထိ မဒေါင်းလှပျူစောထီးကျေးရွာအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သုံးရက်ဆက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူခဲ့၍ စခန်းမသိမ်းနိုင်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ စစ်တပ်က လူနေကျေးရွာများအား အကြောင်းမဲ့ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

“မဒေါင်းလှကို ရွာထဲအထိဝင်နိုင်တယ်။ ဘန်ကာ ၂ခု ကျန်တာ။ ကျန်တဲ့နေရာမှာ စက်လက်နဲ့ရမ်းတာ။ အပေါ်ကနေလည်း Mi35နဲ့ ဂျက်ဖိုက်တာ ၂စီးလာပြီး ပစ်ကူပေးသွားတယ်။ အဲဒါနဲ့တော်လှန်ရေးအဖွဲ့တွေ ပြန်ဆုတ်သွားတယ်။အဲဒီနောက်မှာ တိုက်ပွဲမဖြစ်တော့ဘဲ လူနေကျေးရွာကို လေကြောင်းကနေ ဆက်တိုက်ခိုက်နေတာပါ။”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အခြေခံပညာကျောင်းများ ယာယီပိိတ်ထားရကြောင်း သတင်းရရှိသည်။

၂၀၂၄ ဇန်နဝါရီမှ ဇူလိုင်အထိ ၇ လတာကာလအတွင်း စစ်ကိုင်းတိုင်း၌ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၁၀၆ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၀ ဦး ရှိခဲ့ကြောင်း Data for Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စားအုန်းဆီဝယ်ယူခွင့်ကို စစ်ကောင်စီက စာအုပ်ပြုလုပ်ပေးပြီး အဆိုပါ စာအုပ်ဖြင့်သာဝယ်ယူရမည့်စနစ်ပြောင်းလဲလိုက်ကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။

သတင်း

အ​ထွေ​ထွေကုန်​ဈေးနှုန်းများတက်ပြီး ပြည်သူအများစု စီးပွား​ရေးကြပ်တည်း​နေချိန်တွင် စစ်​ကောင်စီကလျှပ်စစ်ဓာတ်အားခ နှစ်ဆ ကျော် တိုးမြှင့်လိုက်ကြောင်း ယနေ့(သြဂုတ် ၃၀) ထုတ်ပြန်သည်။

သတင်း

သံတွဲမြို့ရှိ မောင်ရွှေလေးရေတပ်မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အသည်းအသန် ခုခံလျက်ရှိပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနှင့်မောင်တောမြို့တွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပြင်၌ နောက်ဆုံးကျန်ရှိနေသော အမှတ်(၅)နယ်ခြား​စောင့်တပ်ခွဲ -နခခ (၅) စခန်းထဲသို့ ဆုတ်ခွာသွားပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းအာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာနှင့် ကျောက်ဆိပ်ကုန်းကျေးရွာကြားတွင် ဩဂုတ် ၂၈ ရက်နံနက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးကာ တစ်ဦးအရှင် ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

Facebook