close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံခရိုင်ထဲက ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာထုတ်မရဖြစ်နေ

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံခရိုင်ထဲက မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ လစာ ထုတ်မရ ဖြစ်နေတယ်လို့ အဲဒီဝန်ထမ်းအသိုင်းအဝိုင်းထံကသိရပါတယ်။

သြဂုတ်လ ၁၀ ရက်ကစတင်ပြီး မြင်းခြံ၊နွားထိုးကြီးနဲ့တောင်သာမြို့တွေမှာ စစ်ကောင်စီတပ် နေရာယူတပ်စွဲထားရာနေရာတွေ ကိုတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်တာခံရပြီးနောက် အဲဒီမြို့တွေမှာ စစ်ကောင်စီ ရဲ့အုပ်ချုပ်ရေးယန္တယား ရပ်တန့်သွားတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို လစာထုတ်ပေးနေတဲ့ မြန်မာ့စီးပွားရေးဘဏ်ခွဲတွေလည်း ဆက်မဖွင့်တော့ဘဲ ရပ်ဆိုင်းသွားတဲ့အတွက် လစာထုတ်မရဖြစ်နေတာလို့ ဝန်ထမ်းအသိုင်းအဝိုင်းကဆိုပါတယ်။

စစ်ကောင်စီကတော့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပိတ်ထားရချိန်မှာ လစာ ထုတ်လိုရင်ပုဂ္ဂလိက ဘဏ်တွေမှာ ငွေစာရင်းအကောင့် ဖွင့်ထားဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

“ရွာဘက်မှာတာဝန်ကျတဲ့သူတွေက မလွယ်ဘူးလေ၊ သွားလာရေးလည်း မလွယ်ကူတော့ ကိုယ်တိုင် ကိုယ်ကျထုတ်မှရမှာဆိုတော့ ပိုဆိုးတာပေါ့ “လို့ ပညာရေး ဝန်ထမ်းတစ်ဦးကပြောပါတယ်။

လက်ရှိအခြေအနေမှာ တိုက်ပွဲတွေ ဖြစ်ပြီးနောက် မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး နဲ့ ငါးဇွန်မြို့နယ်တွေက ဌာနဆိုင်ရာရုံးတွေ အားလုံးနီးပါး ပိတ်ထားရသလို ဝန်ထမ်းတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ သိမ်းယူလိုက်တဲ့ မြို့တွေမှာ တာဝန်ကျ တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း စစ်ကောင်စီက လစာဆက်မပေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝှမ်းက မြို့ ပေါင်း ၈၀ နီးပါးကိုလက်လွှတ်လိုက်ရပြီး အဲဒီမြို့တွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား လည်ပတ်မှုလည်းချုပ်ငြိမ်း သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ နန်းမြင့်တောင်စစ်ဆေးရေးဂိတ်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ကားတစ်စီးထားခဲ့၍ ထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စွဲထားသော မြင်းခြံမြို့ရှိ သံမဏိစက်ရုံအားတိုက်ခိုက်ရာ ထိခိုက်မှုများကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ - တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင်တိုးဂိတ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

မန္တလေးတိုင်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်ရှိ ဌာနဆိုင်ရာများ​၏ NonCDMဝန်ထမ်းများထွက်ပြေးသွား၍ စစ်ကောင်စီ၏ ယန္တရားရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

Facebook