close
Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့နယ်တွင်AA နှင့် စစ်ကောင်စီတပ်တိုက်ပွဲစဖြစ်၊ စစ်ကောင်စီအထိနာ

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)စစ်ကြောင်းအား လာရောက်တိုက်ခိုက်သည့်စစ်ကောင်စီစစ်ကြောင်းမှ ၃၀ဦးထက်မနည်းသေဆုံးသွားပြီး မြို့နယ်အတွင်း၌ စစ်ရေးဆက်လက်တင်းမာနေ​ကြောင်း ဒေသခံများကပြောသည်။

အာရက္ခ(AA) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-AA

ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော်(AA)စစ်ကြောင်းအား လာရောက်တိုက်ခိုက်သည့်စစ်ကောင်စီစစ်ကြောင်းမှ ၃၀ဦးထက်မနည်းသေဆုံးသွားပြီး မြို့နယ်အတွင်း၌ စစ်ရေးဆက်လက်တင်းမာနေ​ကြောင်း ဒေသခံများကပြောသည်။

စစ်တွေမြို့နယ် မင်းလှရွာတွင် ဩဂုတ်လ ၂၉ရက်နေ့လယ်ပိုင်း၌ တိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“တပ်တော်ရဲ့ လှုပ်ရှားစစ်ကြောင်းကို စစ်ကောင်စီက စတိုက်တာ။ တပ်တော်က ပြန်တိုက်တော့ တိုက်ပွဲ‌ တော်တော်ပြင်းတယ်။စစ်တပ်၃၀လောက်ကျပြီး ပြန်ဆုတ်သွားပြီး စစ်တွေကနေ လက်နက်ကြီးသုံးပစ်တယ်”ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

တိုက်ပွဲသည် ညနေ၃နာရီခန့်မှစ၍ ည၇နာရီခန့်အထိ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကူလိုက်လာကာ သေဆုံးသူများနှင့်ဒဏ်ရာရသူများအား သယ်ဆောင်သွားကြောင်း သတင်းရရှိသည်။ထိုနောက်ညပိုင်းတွင် စစ်တွေမြို့ရှိစစ်ကောင်စီတပ်ရင်းမှနေ၍ မင်းလှရွာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ​ဒေသခံအချို့ကပြောသည်။

ထို့အပြင် ယနေ့(ဩဂုတ်လ ၃၀ရက်)နေ့လယ် ၁၂နာရီခန့်ကလည်း မင်းလှရွာပတ်ဝန်းကျင်သို့ စစ်ကောင်စီကဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

မင်းလှရွာသည် စစ်တွေနှင်ပုဏ္ဏားကျွန်းမြို့နယ်ကြား၌ရှိသည်။ စစ်ရေးတင်းမာမှုနှင့်စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် မင်းလှအပါအဝင် အနီးပတ်ဝန်းကျင်မှာကျေးရွာသုံးရွာသည် ဘေလွတ်ရာသို့တိမ်းရှောင်နေကြရသည်။

စစ်တွေမြို့သည် AAက မြို့သိမ်းတိုက်ပွဲမဖော်ဆောင်သေးသည့် ရခိုင်ပြည်နယ်၏မြို့တော်ဖြစ်သည်။ ယခုအခါ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။ စစ်ကောင်စီလက်

အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ AAသည် စစ်တွေမြို့ကို တိုက်ခိုက်တော့မည်ဟု ၍ ယခုရက်ပိုင်းအတွင်းရေးသားနေကြသည်။ AAသည် လတ်တလော၌ မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး သံတွဲမြို့မှနောက်ဆုံးလက်ကျန် မောင်ရွှေ လေးရေတပ်ဌာနချုပ်ကိုလည်း တိုက်ခိုက်နေသည်။

မောင်တော၊သံတွဲ နှင့် ဂွမြို့နယ် နှင့် ကျိန္တလီ မြို့အနီး တိုက်ပွဲများပြင်းထန်နေကြောင်း AAက သြဂုတ်လ၂၉ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ် ပေါ်တာဆွဲခံရသည့် လူငယ်နှစ်ဦးအား ကျပ်သိန်း ၁၃၀ဖြင့် ပြန်လည်ရွေးခဲ့ရပြီး အချို့ဒေသတွင် စစ်မှုထမ်းရန် တိမ်ရှောင်သူများအား မိသားစုဝင်များ အစားထိုးခေါ်ယူနေကြောင်း ဖြစ်စဥ်နှင့်ဆက်စပ်သူများက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီး၌ ဩဂုတ် ၂၇ရက်‌က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကာ လက်နက်ခဲယမ်းအချိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်သည်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့နှင့် ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့ မြောက်ပိုင်း က မြပတိုင်ကျေးရွာအနီးမှာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်လို့ ကျေးရွာနေ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ကရင်စစ်ရေး သတင်းရင်းမြစ်ထံကသိရပါတယ်။

Facebook