close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုဟု NLD ကြေညာ

NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် ပါတီဝင်များကို နှုတ်ဆက်စကားပြော

NLD ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်နှင့် NLD ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေးကျင်းပနေစဉ်။ ဓာတ်ပုံ - U Bo Bo Oo/FB

နွေဦးဝေ/People’s Spring

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ​ဗဟိုကော်မတီက ဆုံးဖြတ်ကြောင်း ယနေ့(သြဂုတ် ၃၁ရက်) ကြေညာသည်။

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေးကို Zoom မှတဆင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၀) ဦး၊ အရံဗဟိုကော်မတီဝင် (၁၁) ဦး၊ တိုင်းနှင့်ပြည်နယ်အလုပ်အမှုဆောင်(၂၁) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၂၀) ဦး စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

အထက်ပါအစည်းအဝေး၌ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဆုံးဖြတ်ချက်(၁၄)ချက်လည်း မကြာခင် မီဒီယာလိုင်းပေါ်မှာ ရောက်ရှိပါလိမ့်မယ်” ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ပြောသည်။

အထက်ပါအစည်းအဝေးသို့ မကြာသေးမီက လားရှိုးအကျဥ်းထောင်မှ လွတ်မြောက်လာသော NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်လည်း တက်ရောက်ကာ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။ သို့သော် ဦးထွန်းထွန်းဟိန်သည် အစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲ ယခုအချိန်မှာ ထောင်မှ လွတ်ခါစဖြစ်၍ ပြင်ပအခြေအနေ သိရှိအောင်နှင့် ကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်ဦးမည်ဖြစ်ကြောင်း ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က ရှင်းပြသည်။

“သူ့အနေနဲ့ ထောင်ကနေ လွတ်မြောက်လာပြီးတော့ အပြင်မှ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတဲ့ အခြေအနေတွေကို သူလေ့လာကောင်း လေ့လာဦးမှာပေါ့။ အဲဒီလိုလေ့လာပြီးတော့ သူ့ရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ပြီဆိုတော့မှ သူ မူလတာဝန်တွေ ပြန်လည်ထမ်းဆောင်ချင်တယ်ဆိုရင် သူ အလိုအလျောက် ထမ်းဆောင်ခွင့်ရှိပါတယ်ခင်ဗျ။ ပြင်ပအခြေအနေတွေ လေ့လာဖို့နဲ့ သူကျန်းမာရေး ကောင်းမွန်ပြီးမှသာလျှင် သူ ဆောင်ရွက်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်သည် သြဂုတ်လဆန်းတွင် ကိုးကန့်တပ်မတော်(MNDAA)က လားရှိုးမြို့ကို သိမ်းပိုက်စဥ် အခြားသောအကျဥ်းသားများနှင့်အတူ လားရှိုးအကျဥ်းထောင်အတွင်းမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကာ လက်ရှိတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(ERO)နယ်မြေတွင် နေထိုင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နွေဦးတော်လှန်ရေး ၃ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝှမ်း စစ်ပွဲများဆက်တိုက်ရှုံးနိမ့်နေသော စစ်ကောင်စီက ၎င်းတို့ကိုကာကွယ်ရန် စစ်မှုမထမ်းမ​နေရ ဥပဒေကို အသက်သွင်း၍ အ​သေခံစစ်သားများစု​ဆောင်း​​ခဲ့သည်။

သတင်း

ကချင်ပြည်နယ် ဆော့လော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု KIAနှင့် ဒေသ စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

သတင်း

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစခန်းတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူလူထုနေအိမ်ပျက်စီး၊ မင်းတပ်(၂၇၄) တပ်ရင်းကို လေကြောင်းမှ ရိက္ခာပစ္စည်းထုပ်များ ထပ်မံ ဖြည့်တည်း