close
Connect with us

Hi, what are you looking for?

သတင်း

မုံရွာအကျဥ်းထောင်တွင်ဖမ်းဆီးခံထားရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များက Non CDMလုပ်ရန် ဖိအားပေးခြိမ်းခြောက်နေ

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များကစစ​ကောင်စီလက်​အောက်တွင်ပြန်တာဝန်ထမ်းရန်( Non CDMလုပ်ရန်) ဖိအားပေးခြိမ်းခြောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

မုံရွာအကျဥ်းထောင်အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်တွင် ဖမ်းဆီးခံထားရသော CDM ဝန်ထမ်းများကို ထောင်အာဏာပိုင်များကစစ​ကောင်စီလက်​အောက်တွင်ပြန်တာဝန်ထမ်းရန်( Non CDMလုပ်ရန်) ဖိအားပေးခြိမ်းခြောက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် CDM လုပ်ထားသည့် နိုင်ငံ ရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက Non CDMလုပ်ရန် ဖိအားပေးနေကြောင်း PPNMက ယနေ့(အောက်တိုဘာ၆ရက်)တွင် အသိပေးသည်။

Public Service Announcement

Public Service Announcement

မုံရွာအကျဥ်းထောင်မှထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို တာဝန်မှူးရုံးခန်းကို ခေါ်ယူ၍ ၎င်းတို့ ကိုယ်တိုင် ရေးသားထားသည့် CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်‌ပေးရန် အသနားခံစာ၌ CDM နိုင်ငံရေးအကျဉ်းသားများအား လက်မှတ်ထိုးခိုင်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“လက်ရှိ အကျဥ်းဦးစီးမှာလည်း ဝန်ထမ်းအင်အားနည်းလာတယ်။ အလားတူပဲစစ်ကောင်စီရဲ့ယန္တရားတွေမှာလည်ပတ်နေတဲ့ ဝန်ထမ်းတွေကလည်း အ

ရမ်းနည်းလာတယ်။ အဲဒီတော့ အသနားခံစာတင်လိုက်ခြင်းအားဖြင့် ဝန်ထမ်းအဖြစ် ပြန်လည်လက်ခံပေးမယ်ပေါ့။ စစ်ကောင်စီရဲ့ယန္တရားတွေမှာ အသုံးပြုနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အသနားခံစာတင်ဖို့ ထောင်အာဏာပိုင်ကနေတဆင့် ပြောတာမျိုးလို့ယူဆပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လက်မှတ်မထိုးသည့် CDM နိုင်ငံရေးအကျဉ်းသားများကိုလည်း တာဝန်မှူးရုံးခန်းကိုခေါ်၍အသနားခံစာတင်ပြလိုခြင်းမရှိကြောင်း ရေးသားထားသည့်စာတွင် ထောင်မှူး ဦးကျော်ဝင်းက လက်မှတ်ထိုးခိုင်းခဲ့ကြောင်း၊ထို့အပြင်မိသားစုကိုငဲ့ပြီး လက်မှတ်ထိုးပေးရန် CDM နိုင်ငံရေးအကျဥ်းသားများအား ထောင်မှူးက ထပ်မံ ဖိအားပေးခဲ့ကြောင်း PPNM က ထပ်မံအသိပေးသည်။

လက်မှတ်ထိုးခြင်းမထိုးခြင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ “မထိုးတဲ့သူတော့ များတယ်လို့သိရတယ်။ အရေအတွက် ဘယ်လောက်ကို မေးလည်းတော့ မသိရဘူး။သီးခြားခေါ်တာမျိုးဆိုတော့လေ”ဟု PPNM၏ ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးက ပြောသည်။

ယခုလက်ရှိတွင် မုံရွာအကျဉ်းထောင်ရှိ ဖမ်းဆီးခံထားရပြီး အသနားခံစာမတင်သည့် CDM ဝန်ထမ်းများကို ထပ်မံတရားစွဲဆိုနေသည့်ဖြစ်စဥ်များရှိမရှိကို ဆက်လက် စောင့်ကြည့်စုံစမ်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားအဆောင် အခန်း (၁) ထဲက ၅၀၅ နဲ့အမှုရင်ဆိုင်နေရသူတွေကို ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး ထောင်ပိုင်က ဓားနဲ့ထိုးခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောင်တွင်း အခြေအနေကို စုံစမ်းသိရသလောက်ပြောပြပါတယ်။

ဆောင်းပါး

10D လို့လူသိများတဲ့ ဒီဇင်ဘာလ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့က အင်းစိန်ထောင်တွင်းလှုပ်ရှားမှုအပေါ် ထောင်အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံကို အင်းစိန်ထောင်ရောက်ရှေ့နေတစ်ဦးက အခုလိုပြောပါတယ်။

News

ဒါကြောင့် တရားသူကြီးက ဒေါက်တာဇော်မြင့်မောင်သက်သေထွက်ဆိုနိုင်ဖို့ ဗီဒီယိုကွန်ဖရန့်ဆင်းကတဆင့် လုပ်ဆောင်မလားလို့ ဒေါ်အောင်ဆန်းစုကြည်တို့ဘက်ကို မေးမြန်းခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

Facebook