close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ် မင်းနေကုန်းနယ်မြေရဲစခန်းကို PDFများ တိုက်ခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မင်းနေကုန်းနယ်မြေရဲစခန်းကို PDF ရဲဘော်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

မင်းနေကုန်းရဲစခန်းအား တိုက်ခိုက်ရန် PDF ရဲဘော်များ ဒရုန်းလွှတ်တင်နေစဥ်

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မင်းနေကုန်းနယ်မြေရဲစခန်းကို PDF ရဲဘော်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထိခိုက်မှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၅ ရက်) နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်မှစ၍ မင်းနေကုန်းရွာရှိ စစ်ကောင်စီတပ်နှင့်ရဲများ တပ်စွဲထားသော ရဲစခန်းကို ၆ဝ မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးသီးများကြဲချတိုက်ခိုက်ခဲ့ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သေတဲ့စခတွေကို မီးရှို့နေတယ်ပြောတယ်။ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။” အထက်ပါတာဝန်ရှိသူက ပြောသည်။

မင်းနေကုန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် ဇူလိုင်အတွင်းက စခန်းစွန့်ခွာသွားပြီး အဆိုပါ စခန်းအား PDFများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးသည်။ ထို့နောက် စခန်းတွင်းပြန်လည်အခြေချလာ၍ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီဘက်ကမူ မင်းနေကုန်းရဲစခန်းတိုက်ခိုက်ခံရသည်ကို ဝန်ခံထားပြီး အထိအခိုက်မရှိဟု ၎င်းတို့၏ တယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်နေသည်။

အဆိုပါ စစ်ဆင်ရေးကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈၊ MGN-Tiger၊ MGN-35၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့၊ ပြည်ချစ်သားပြောက်ကျား တပ်ဖွဲ့၊ ရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ Myingyan Denger Dynamite၊ AungSan’s Blood Civilians Defense Force (ABCDF)၊ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၉၊ ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ရက်က မင်းနေကုန်းနယ်မြေရဲစခန်းအနီးတွင် စစ်ကောင်စီယာဥ်တိုက်ခိုက်ခံရပြီး ယာဉ်ပေါ်ပါ စစ်ကြောရေးမှူးနှင့် ရဲတပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ)အဖွဲ့က ထုတ်ပြန်ထားသည်။

ယခုနှစ် ဇန်နဝါရီအတွင်းကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာလမ်းပိုင်းတွင် မင်းနေကုန်းရဲစခန်း ပြန်လာသည့် ဒုရဲအုပ်အပါအဝင် ရဲ ၃ ဦးကို နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများအား စက်တင်တတိယပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆက်တို​က်ပြုလုပ်ခဲ့ရာ မြေတိုင်းရွာမှ ပြည်သူ ၂ ဦးနှင့် ငါန်းမြာရွာမှ ပြည်သူ ၁၂ ဦး သေဆုံးပြီး စုစုပေါင်း ၁၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သြဂုတ် ၁၀ရက်ကလည်း မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ငါန်းဇွန် မြို့နယ် ရှိ ငါန်းမြာကြီးရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများ၊ စစ်ကောင်စီယာဥ်များ မကြာခဏတိုက်ခိုက်ခံရပြီး စစ်အုပ်စုထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြေတိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့်ရဲများ လိုက်ပါလာသော အိမ်စီးကားတစ်စီးအား တိုက်ခိုက်ရာ စစ်ကြောရေးမှူးနှင့် ရဲ တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ငါန်းဇွန်မြို့နယ်မှ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ယနေ့ တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ပြီးယမန်နေ့(စက်တင်ဘာ ၂၀ရက်)ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ၁၄ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင်ဒေသခံ ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိ

Facebook