close

ကန်ပိုက်တီမြို့တွင် အုပ်ချုပ်ရေးမှူးများ၏ သားသမီး ၄ ဦးသာ ကျောင်းအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရှိ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့မှာ မြို့အုပ်ချုပ်မှူးရဲ့ ကလေးအပါအ၀င် စုစုပေါင်း ၄ ယောက်သာ ကျောင်းလာ‌အပ်နှံတယ်လို့ ဒေ‌သခံတွေ ဆီကသိရပါတယ်။

မြို့အုပ်ချုပ်ရေးမှူးနဲ့ ရက်ကွက်အုပ်ချုပ်ရေးမှူးရဲ့ သားသမီး ၂ ယောက်စီ စုစုပေါင်း ၄ ယောက်  လာရောက် အပ်နှံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ၀န်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

အဆိုပါ ကန်ပိုက်တီ အထကကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးအပါအ၀င်  CDM မလုပ်တဲ့ ဆရာမ ၄  ဦးနဲ့သာလည်ပတ်နေပြီး မူလတန်းအထိသာ ကျောင်းအပ်လက်ခံနိုင်တာဖြစ်ပါတယ်။

ပြီးခဲ့လက ကျောင်းအုတ်တံတိုင်းအပါအ၀င် တစ်မြို့လုံးမှာ နွေဦးတော်လှန်ရေး စာသားတွေရေးဆွဲကာ စစ်ကျွန်ပညာရေးဆန့်ကျင် တော်လှန်ခဲ့တာကြောင့်  မြို့အုပ်ချုပ်ရေးက ဖမ်း၀ရမ်း ဆုငွေထုတ်ခဲ့ပါတယ်။

https://www.facebook.com/photo/?fbid=3987223868059617&set=pcb.4339412006077899

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up