စပိန်နိုင်ငံမှာကျင်းပတဲ့ မက်ဒရစ်အိုးပင်း အမျိုးသားတင်းနစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ၂ ကစားသမား ကားလို့စ် အယ်ကာရက်ဇ်က ဂျာမနီကစားသမား ယန်းလန်းနတ် စတော့ဖ်ကို ၆-၄၊ ၃-၆၊ ၆-၃ ရလဒ်တွေနဲ့ အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါဟာ အယ်ကာရက်ဇ်အတွက် ဒီနှစ်ရဲ့ စတုတ္ထမြောက် ATP Tour ဆုဖလားဖြစ်တာကြောင့် စုစုပေါင်း ဆုဖလားပေါင်း ၁၀ ခုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။
မနှစ်က မက်ဒရစ်အိုးပင်းပြိုင်ပွဲမှာလည်း အယ်လ်ကာရက်ဇ်ကသာ ချန်ပီယံအောင်မြင်မှု ရရှိခဲ့တာပါ။
ဒီရာသီအစမှာ ဒဏ်ရာတွေနဲ့ လုံးပန်းနေခဲ့ရတဲ့ အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့လက ဘာစီလိုနာ အိုးပင်းပြိုင်ပွဲအတွင်း အကောင်းဆုံးပုံစံနဲ့အတူ ပြန်လာနိုင်ခဲ့သလို ဒီပြိုင်ပွဲရဲ့ ချန်ပီယံဆုကိုပါ ၂ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မကြာသေးမီကမှ အသက် ၂ဝ ပြည့်မြောက်ခဲ့တဲ့ ဒီစပိန်ကစားသမားကို စတော့ဖ် အနေနဲ့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့တာကြောင့် သူတို့နှစ်ဦးအကြား ပွဲစဉ် ၃ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ဆုံးပွဲစဉ်မှာ အယ်လ်ကာရက်ဇ်ကပဲ အနိုင်ရရှိခဲ့တဲ့အတွက် ကမ္ဘာ့အဆင့်ရပ်တည်ချက်အတွင်း ရမှတ် ၁,၀၀၀ ထပ်ပေါင်းထည့်နိုင်ခဲ့ပါတယ်။
အယ်ကာရက်ဇ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာလည်း ယူအက်စ်အိုးပင်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး အသက်အငယ်ဆုံး ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဘောစနီးယားနိုင်ငံက ဘန်ညာလူကာ တင်းနစ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို ဧပြီ ၂၃ ရက်က ကျင်းပရာ မထင်မှတ်ထားတဲ့ ဆားဘီးယားကစားသမား ဒူဆန် လာယိုဗစ်က ကမ္ဘာ့အဆင့် ၆ ရုရှားကစားသမား အန်ဒရေး ရူဘလက်ဗ်ကို ၆-၃၊ ၄-၆၊ ၆-၄ ရလဒ်တို့နဲ့ အနိုင်ယူကာ ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၇၀ နေရာမှာသာ ရပ်တည်နေခဲ့တဲ့ လာယိုဗစ်ဟာ ဒီပြိုင်ပွဲမှာ အံ့အားသင့်ဖွယ်ရာ လက်စွမ်းတွေနဲ့အတူ ဆက်တိုက်အနိုင်ရရှိခဲ့တာကြောင့် ရမှတ်ပေါင်း ၂၅၀ အပြင် အဆင့်ရပ်တည်ချက်မှာလည်း အထက်ပိုင်း နေရာ ၃၀ အထိ တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်မှာ တနိုင်ငံတည်းသားဖြစ်တဲ့ ကမ္ဘာ့အဆင့် ၁ နေရာက ၂၂ ကြိမ်မြောက် ဂရန်းဆလမ်း ချန်ပီယံဆုရှင် နိုဗက်ခ် ဂျိုကိုဗစ်ကို လာယိုဗစ်က အနိုင်ယူခဲ့တာဖြစ်ပြီး ဆီးမီးဖိုင်နယ်အဆင့်မှာလည်း နောက်ထပ် ဆားဘီးယားကစားသမား မီယိုမီ ကက်မန် နိုဗစ်ကိုပါ သူက အနိုင်ရရှိခဲ့တာပါ။
ဒါဟာ ၂၀၀၇ ခုနှစ်မှာ ပရိုကစားသမားအဖြစ် စတင်ပြောင်းလဲခဲ့တဲ့ လာယိုဗစ်အတွက် သူ့ရဲ့ အမြင့်ဆုံးအောင်မြင်မှု ၁၀ ခုထဲက ၈ ခုမြောက် ဖြစ်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ ခရိုအေးရှားအိုးပင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲကြီးတခုရဲ့ ဒုတိယမြောက် ချန်ပီယံဆုကို လာယိုဗစ် အခုလို ထိုက်တန်စွာ ရရှိခဲ့တာပါ။
တရက်တည်းမှာပဲ နောက်ထပ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ ဘာစီလိုနာအိုးပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အတွင်း ကမ္ဘာ့အဆင့် ၂ ကစားသမား ကားလို့စ် အယ်လ်ကာရက်ဇ်က ကမ္ဘာ့အဆင့် ၅ ကစားသမား စတက်ဖာနို့စ် စီစီပက်စ်ကို ၆-၃၊ ၆-၄ ရလဒ်တွေနဲ့အတူ နှစ်ပွဲဆက် အနိုင်ယူကာ ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါဟာ အသက် ၁၉ နှစ်အရွယ် စပိန်ကစားသမားအတွက် မြေစေးကွင်းမှာ ၆ ကြိမ်မြောက် အောင်မြင်မှုဖြစ်သလို ၂၀၂၁ ခုနှစ်မှာ ပရိုကစားသမားဖြစ်လာခဲ့တဲ့ သူ့အနေနဲ့လည်း ချန်ပီယံဆုပေါင်း ၉ ခုအထိ ရယူသိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံရဲ့ စတုဂတ်အိုးပင်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ နေရာက အီဂါ ဆွီယာတက်ခ်ဟာ ကမ္ဘာ့အဆင့်နှစ်နေရာက အာရီနာ ဆာဘယ်လ်လန်ကာကို ၆-၃၊ ၆-၄၊ ရလဒ်တွေနဲ့အတူ နှစ်ပွဲပြတ် အနိုင်ယူကာ ဧပြီ ၂၃ ရက်မှာ ချန်ပီယံဆုရှင် ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ သူတို့နှစ်ဦး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အီဂါ ဆွီယာတက်ခ်ကပဲ အနိုင်ရရှိခဲ့တာပါ။
ဒါကြောင့် ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ အီဂါ ဆွီယာတက်ခ် အနေနဲ့ မေလမှာ ကျင်းပမယ့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှာလည်း ချန်ပီယံဆု ကာကွယ်နိုင်ဖို့အတွက် အခြေအနေကောင်းတခုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်အတွင်း ဘီလာရုစ်ကစားသမားဖြစ်သူ ဆာဘယ်လ်လန်ကာက ဆွီယာတက်ခ်ရဲ့ အားပါပြင်းထန်တဲ့ ရိုက်ချက်တွေကို တန်ပြန်နိုင်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ အခုလို ရှုံးနိမ့်ခဲ့ရပါတယ်။
ဆွီယာတက်ခ်ဟာ မိုင်ယာမီအိုးပင်းပြိုင်ပွဲ အပါအဝင် ဘီလီဂျင်းကင်းဖလားပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲ မတိုင်ခင်မှာ နံရိုးဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အင်ဒီးယန်းဝဲလ်စ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ဆွီယာတက်ခ်က ပြေးလွှားရင်း နာကျင်မှုကို ခံစားခဲ့ရပါသေးတယ်။
ဒီဖိုင်နယ်ပွဲစဉ်ဟာ အကြိတ်အနယ် ရှိခဲ့ပေမဲ့လည်း ဆာဘယ်လ်လန်ကာ အနေနဲ့ မလိုလားအပ်တဲ့ အမှားတွေကတဆင့် ဆွီယာတက်ခ်ကို အရှုံးပေးခဲ့ရတာကြောင့် ဒီနှစ်ရဲ့ ဒုတိယမြောက် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။
နိုဗက်ဂျိုကိုဗစ်ဟာ လာမယ့်တပတ် မက်ထရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ရပြီး ရာဖေးနာဒဲလ်လိုပဲ ပွဲကြည့်စင်ကနေပဲ ကြည့်ရှုနိုင်တော့မယ်လို့ ပွဲစီစဉ်သူက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတာကြောင့် ဒီနှစ်အစောပိုင်းက ယူအက်စ် ကွင်းမာ တင်းနစ်ကွင်းမှာ မကစားခဲ့ရတာကြောင့် ရွှံစေးမြေကွင်းမှာ ကစားဖို့ ပြင်ဆင်ခဲ့ပေမဲ့ မွန်တေးကာလို မာစတာနဲ့ ဘန်ဂျလုကာအိုးပင်း ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။
အမြန်ဆုံး ဒဏ်ရာကနေ ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်းတောင်းနေပြီး ကွင်းပြင်မှာ အမြန်ဆုံး ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပွဲစီစဉ်သူက ပြောဆိုခဲ့ပေမဲ့ ဂျိုကိုဗစ်ရဲ့ ဒဏ်ရာအသေးစိတ်ကိုတော့ မပြောပြခဲ့ပါဘူး။
ရာဖေးနာဒဲလ်ကတော့ ဒီတပတ်အစောပိုင်းတည်းက သူ့ရဲ့ တင်ပါးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် မက်ထရစ်ကပြိုင်ပွဲကို လွဲချော်လိမ့်မယ်လို့ ကြေညာထားခဲ့ပါတယ်။
ရာဖေးနာဒဲလ်နဲ့ ဂျိုကိုဗစ်တို့ ၂ ယောက်စလုံးဟာ ဂရန်းစလန်းပြိုင်ပွဲတွေမှာ ၂၂ ကြိမ်စီ ဆွတ်ခူးထားနိုင်သူတွေ ဖြစ်ကြပါတယ်။
ပြင်သစ်အိုးပင်းပြိုင်ပွဲ ဒုတိယအကြိမ် ဂရင်းစလန်းပြိုင်ပွဲရာသီဟာ မေလ ၂၈ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။