close

ကမ္ဘာကြီးပူနွေးလာမှုတိုက်ဖျက်ရေးလုံလောက်အောင်မလုပ်ခဲ့ကြဟု ပါကစ္စတန်ဝန်ကြီးချုပ်ဝေဖန်

Photo-Reuters

ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေဟာ ကမ္ဘာကြီးပူနွေးလာမှု တိုက်ဖျက်ရေး လုံလောက်အောင် မလုပ်ခဲ့ကြဘူးလို့ ပါကစ္စတန် ဝန်ကြီးချုပ် အမ်ရန်ခန်းက ဝေဖန်ပြောကြားလိုက်ပါတယ်။

လေထုထဲ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချတိုက်ဖျက်ရေးမှာ သူ့နိုင်ငံဟာ ကမ္ဘာပေါ်က နိုင်ငံ အားလုံးထက် ပိုတယ်၊ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချတာဟာ စီးပွားရေးကိုပါ သက်ရောက်တယ်လို့လည်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေက ကာဗွန်ပါတဲ့ ဓာတ်ငွေ့တွေ ထုတ်လွှတ်နေပြီး ပါကစ္စတန်ရဲ့ ထုတ်လွှတ်မှုက အင်မတန် နည်းတယ်လို့လည်း ဆိုပါတယ်။

ဒီနှစ် ဇွန်လ ၅ ရက်မှာ ကျရောက်တဲ့ ကုလသမဂ္ဂက တည်ခင်းတဲ့ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်နေ့ကို ပါကစ္စတန် နိုင်ငံက လက်ခံကျင်းပခဲ့တာပါ။

ပါကစ္စတန်ဟာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးဆုံးခံရတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပြီး လတ်တလော နှစ်တွေမှာ ရေကြီးဒဏ်ကို ပုံမှန် ခံခဲ့ရပါတယ်။ ဒါကြောင့် ထောင်သောင်းချီတဲ့ လူတွေ နေရာ ရွှေ့ပြောင်းခဲ့ရပြီး စိုက်ပျိုးမြေတွေ ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up