close

မီနီယာပိုးလစ်မြို့တွင် လူခန္ဓာကိုယ် အစိတ်အပိုင်းများ တွေ့ရှိ

အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတာပြည်နယ်၊ မီနီယာပိုးလစ်မြို့မှာ ဇွန် ၁၇ ရက်က လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရတယ်လို့ The Star Tribune သတင်းမှာ ဖော်ပြပါတယ်။ 

အစပိုင်းက လူ့ခြေထောက်တချောင်းကို တွေ့ရှိတဲ့အကြောင်း ပြည်သူတယောက်က ရဲတပ်ဖွဲ့ကို သတင်းပေးချက် ရရှိပြီး သွားရောက်ရာမှာ တခြားလူ့အစိတ်အပိုင်းတွေကို မနက်ပိုင်းမှာ ထပ်တွေ့ရတာလို့ ဆိုပါတယ်။ 

ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ အရွယ်ရောက် အမျိုးသားတယောက်ဆီက အထူးသဖြင့် အသက် ၃၀ အရွယ် ကော့ကေးဆပ်လို့ ယူဆရပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီး အစိတ်အပိုင်းတွေကိုတော့ မတွေ့ရသေးဘူးလို့  မီနီယာပိုးလစ် ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ 

ဒီလူဟာ မသေဆုံးခင် စိတ်ဒဏ်ရာတွေ ရခဲ့မှာဖြစ်ပြီး ဒီခန္ဓာကိုယ်အစိတ်အပိုင်းတွေက ဘယ်ကနေရောက်လာတယ် ဆိုတာ မသိဘူးလို့လည်း ဆိုပါတယ်။ 

ဒါဟာ သာမန်အမှုကိစ္စ မဟုတ်ကြောင်းနဲ့ လူသတ်မှုစုံစမ်းစစ်ဆေးသူတွေ၊ ရာဇ၀တ်မှု ဆိုင်ရာ ဓာတ်ခွဲခန်းနဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူကိုလည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up