close

အရွယ်မရောက်သေးသူများအပါအဝင် ၆၄ ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သေဒဏ်ချ

မြန်မာနိုင်ငံတွင်းမှာ  အရွယ်မရောက်သေးသူတွေ အပါအဝင်  ပြည်သူ ၆၄ ယောက်ကို စစ်ကောင်စီ အကြမ်းဖက်အဖွဲ့က သေဒဏ်ချထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။  

စစ်ခုံရုံးအတွင်း စစ်ဆေးမှုတွေမှာလည်း ပြစ်မှုစီရင်ခံရသူတွေဟာ တရားဥပဒေရဲ့ အကာကွယ်မရသလို  ရှေ့နေလည်း မရှိဘူးလို့လည်း ပြောပါတယ်။ 

သေဒဏ်ချခံရသူ အများစုဟာ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။ 

သေဒဏ်ပေးတာကို မြန်မာနိုင်ငံမှာ အရင်ကလည်းရှိခဲ့ပေမဲ့ ၁၉၉၈ ခုနှစ်မှစပြီး ဘယ်သူ့ကိုမှ ကွပ်မျက်တာ မရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက်  လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၈၈၀ ကျော် သေဆုံးခဲ့ကြောင်း  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ စာရင်းအရ  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up