မူဆယ်က လောင်းကစားရုံတခုနား ပေါက်ကွဲမှုဖြစ်

2
မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဂိတ်အနီးကလောင်းကစားရုံတခုနားမှာ ဇွန် ၃၀ ရက်နေ့ည ၇ နာရီဝန်းကျင်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေရာတဝိုက်ဟာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဖဲဝိုင်း၊ ငါးမန်းဂိန်းနဲ့ လောင်းကစားရုံတွေ ဖွင့်လှစ်ထားတဲ့ နေရာ ဖြစ်ပါတယ်။
မူဆယ်မြို့မှာ ပြည်သူစစ်တပ်ဖွဲ့တွေ ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေကြောင့် ဒုစရိုက်မှုတွေ ပေါများနေလို့ ဒေသခံပြည်သူတွေက လောင်ကစားရုံတွေ ပိတ်သိမ်းပေးဖို့ သက်ဆိုင်ရာကို တိုင်တန်းထားတာတွေ ရှိပါတယ်။