close

ဖားဆောင်းနှင့် မယ်စဲမြို့နယ်က ပညာရေးဝန်ထမ်း ၂၃၀ ရာထူးမှ ထုတ်ပယ်ခံရ

ကယားပြည်နယ် ဖားဆောင်းမြိုနယ်နဲ့ မယ်စဲမြို့နယ်က အခြေခံပညာကျောင်းသီးသီးမှ CDM ပြုလုပ်ထားတဲ့ ပညာရေးဝန်ထွန်း ၂၃၀ ကို သက်ဆိုင်ရာက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

ဖားဆောင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းအသီးသီးမှ ပြုလုပ်တဲ့ ပညာရေးဝန်ထမ်း ၁၅၂ ဦးနဲ့  မယ်စဲမြို့နယ်က ကျောင်းသီးသီးမှ ပညာရေးဝန်ထမ်း ၇၈ ဦးတို့ကို  စစ်ကောင်စီက ရာထူးကနေ ထုတ်ပယ်လိုက်တာပါ

ကရင်နီပြည်နယ်အတွင်း အခြေခံပညာကျောင်းအသီးသီးမှ ပညာရေးဝန်ထမ်းတွေ CDM ပြုလုပ်တဲ့စာရင်းအရ ဒီမော့ဆိုမြို့နယ်မှာ ၁၁၂၃ ဦး၊ ဖရူဆိုမြို့နယ်မှာ ၅၂၆ ဦး၊ မယ်စဲ့မြို့နယ်မှာ ၇၈ ဦးနဲ့ ဖားဆောင်းမြို့နယ်မှာ ၁၅၂ ဦး စုစုပေါင်း ပညာရေးဝန်ထမ်း ၁၈၇၉ ဦး ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါတယ်။

ကယားပြည်နယ်မှာ  မြို့နယ် ၇ မြို့နယ်ရှိပြီး အခြေခံပညာကျောင်းအသီးသီးက CDM ပြုလုပ်ပြီး ရာထူးမှထုတ်ပယ်ခံရတဲ့ မြို့ ၄ မြို့သာ စာရင်းသိရပြီး ကျန်မြို့တွေဖြစ်တဲ့ လွိုင်ကော်၊ ဘောလခဲနဲ့ ရှားတောတို့ကတော့ စာရင်း မသိရှိရသေးပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up