close

ဘဏ်များပိတ်သိမ်း၊ ငွေစက္ကူရုပ်သိမ်းမည့်သတင်း မဟုတ်မှန်ဟု ဗဟိုဘဏ်ကြေညာ

မြန်မာပြည်တွင်းမှာ ဘဏ်တွေပိတ်သိမ်းပြီး ငွေစက္ကူတွေရုပ်သိမ်းမယ်ဆိုတဲ့ သတင်းတွေဟာ  ကောလာဟလဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေပေါ်မူတည်ပြီး ကျပ် ၅၀၀၀ တန်၊ ကျပ် ၁၀၀၀၀ တန်တွေကို ရုပ်သိမ်းမယ်ဆိုတာနဲ့ ဘဏ်တွေ ပိတ်သိမ်းမယ်လို့ သတင်းမှားတွေ ထွက်နေတာကို သိရတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းအပေါ် မစိုးရိမ်ဘဲ ယုံကြည်စိတ်ချစွာနဲ့ ဆက်သုံးနိုင်ပြီး ဘဏ်ဝန်ဆောင်မှုတွေ ပုံမှန်ဆောင်ရွက်ဖို့ ဘဏ်တွေကို ညွှန်ကြားထားတယ်လို့ လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက ငွေစက္ကူအသစ်တွေထပ်မံရိုက်နှိပ်ဖြန့်ဝေသွားဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်မှာထွက်ပေါ်လာပြီးတဲ့နောက် ဒေါ်လာစျေးပြန်မြင့်တက်လာကာ ဈေးနှုန်းအတက်အကျ မငြိမ်ဖြစ်နေတယ်လို့ ငွေစျေးကွက်က စုံစမ်းသိရပါတယ်။

ပြည်တွင်း ငွေကြေးဈေးကွက်မှာ ဩဂုတ် ၁၂ ရက်က  ပြင်ပပေါက်ဈေး အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ  ၁၇၀၀ ကျော်ထိရောက်ရှိနေပြီး၊ ရန်ကုန် ရွှေဈေးကွက်မှာတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ်ငွေ ၁,၆၀၉, ၀၀၀ ရှိတယ်လို့   စုံစမ်းသိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up