လူမှုကွန်ရက်ပေါ် လူမျိုးရေးခွဲခြားမှုများ နေ့တိုင်းတွေ့ကြုံနေရဟု ဝဲလ်လော့ပြော

လူမှုကွန်ရက်မီဒီယာပေါ်ကနေ လူမျိုးရေးခွဲခြားမှုတွေ နေ့တိုင်းတွေ့ကြုံနေရတယ်လို့ နယူးကာ ဆယ်ကွင်းလယ်လူဝဲလ်လော့က ပြောပါတယ်။
အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတွေ ကနေတစ်ဆင့် လူမျိုးရေးခွဲခြားထားတဲ့ စာတိုတွေ နေ့စဉ်တွေ့နေရပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ချင်တာကြောင့် ဆက်သုံးနေရတာဖြစ်တယ်လို့ ဝဲလ်လော့ကပြောပါတယ်။
“ကျနော့်ရဲ့ အသားအရောင်နဲ့ တခြားမတူညီတဲ့အရာတွေကို မက်ဆေ့ပို့ပြီး လူမျိုးရေးခွဲခြားနေ ကြတာတွေက နေ့တိုင်းပါပဲ။ ဥပေက္ခာပြုဖို့ ကြိုးစားပေမယ့်လည်း အများကြီးမလုပ်နိုင်ပါဘူး။ ဆိုရှယ်မီဒီယာတွေက အဲဒီလိုလုပ်ဖို့အတွက် မဖြစ်သင့်ပါဘူး။ ဆိုရှယ်မီဒီယာတွေကို မသုံးတော့ ရင်လည်းပရိသတ်တွေနဲ့ အဆက်ပြတ်သွားမှာစိုးပါတယ်”လို့ အင်္ဂလန်ကစားသမား ဝဲလ်လော့ ကပြောပါတယ်။
အင်္ဂလန်မှာ ဘောလုံးသမားတွေဟာ လူမျိုးရေးခွဲခြားမှုတွေ မကြာခဏပြုလုပ်ခံနေရပြီး ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း လက်ရွေးစင်အသင်းက ဆာကာ၊ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ လူမျိုးရေးခွဲခြားခံခဲ့ရပါ သေးတယ်။