close

တော်လှန်ရေးအတွက် PDF ဆေးတပ်ဖွဲ့စည်း

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေကြတဲ့ နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ ပြည်သူ့ကာကွယ်ရေး PDF ဆေးတပ်ကို ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။

“အခက်အခဲတွေကြားထဲက ပြင်ဆင်မှုတွေ Training တွေ အပြီးမှာတော့ ကျနော်တို့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ Medical Team တခုကို တည်ဆောက်နိုင်ခဲ့ပါပြီ။ ကျန်တဲ့ Team တွေအတွက်ကိုလည်း ကျနော်တို့ ပြင်ဆင်နေပါတယ်”လို့ PDF ဆေးတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွက် လုပ်ငန်းစဉ်တွေအတွက် အလှူရှင်တွေလည်း လိုအပ်နေတာ မို့ ပါဝင်ကူညီချင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ကြောင်းလည်း Hlaing Generations Z ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ဖော်ပြထားပါတယ်။

“D Day ဆိုပြီး မြန်မြန်ခေါ်ချင်ရင် များများ ထောက်ပံ့ပေးကြပါ။ ခင်ဗျားတို့ ဖြစ်စေ ချင်တဲ့ အရာတွေကို အသက်နဲ့ ရင်းပြီး အကောင်အထည်ဖော်ပေးမယ်ဗျာ”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဩဂုတ် ၁၂ ရက်က စတင်ကာ တော်လှန်ရေးအတွက် အမေရိကန် ဒေါ်လာ ၅ သန်း ပမာဏရှိ Raffle Ticket အလှူငွေကောက်ခံရောင်းချနေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up