မလေးရှား ဝန်ကြီးချုပ်သစ် အမျိုးသားနန်းတော်တွင် ကျမ်းသစ္စာကျိန်ဆို

မလေးရှားဝန်ကြီးချုပ်အသစ် အစ္စမေးလ် ဆာဘရီယာကော့ဘ်ဟာ သြဂုတ် ၂၁ ရက်က အမျိုးသားနန်းတော်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
မလေးရှားနိုင်ငံမှာ အဆိုးရွားဆုံး ကိုဗစ်-၁၉ အရှိန်မြင့်တက်မှုကို တိုက်ဖျက်နေရပြီး ကပ်ရောဂါကို စီမံခန့်ခွဲပုံ လွဲမှားမှုကြောင့် ပြည်သူလူထုဒေါသ ကြီးထွားလာချိန်မှာပဲ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင်ဖြစ်တဲ့ အလ်ဆူလ်တန်အဗ္ဗဒလ္လာက သူ့ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့တာပါ။
အစ္စမေးလ်ဆာဘရီဟာ ဘုရင်နဲ့ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် အပါအ၀င် တခြား မဟာမိတ်ခေါင်းဆောင်တွေရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။
အသက် ၆၁ နှစ်အရွယ် အစ္စမေးလ်ဆာဘရီ ရာထူးခန့်အပ်ခံရခြင်းဟာ အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေကြောင့် နာမည်မှေးမှိန်နေရတဲ့ ပါတီတစ်ခုရဲ့အခန်းကဏ္ဍကို ပြန်လည် မြင့်တက်စေခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးကတည်းက နှစ် ၆၀ ကျော် အုပ်ချုပ်ခဲ့တဲ့ ယူနိုက်တက် မလေးရှား အမျိုးသားအဖွဲ့အစည်း (UMNO) ဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်နယ်ရန်ပုံငွေ 1MDB အရှုပ်တော်ပုံကြောင့် ရှုံးနိမ့်ခဲ့ရပြီးနောက်မှာ အစ္စမေးလ်ဆာဘရီရဲ့ ဝန်ကြီးချုပ်နေရာ ခန့်အပ်ခံ ရခြင်းနဲ့အတူ ပါတီရဲ့ပုံရိပ်လည်း ပြန်လည်သက်ဝင်လာပါတယ်။
UMNO ဟာ ပြီးခဲ့တဲ့လက ကပ်ရောဂါကို စီမံကိုင်တွယ်မှုမှာ မအောင်မြင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင်ကို ကျောထောက်နောက်ခံ မပြုပေးတော့တဲ့နောက် အစ္စမေးလ်ဆာဘရီဟာ ၂၀၁၈ ရွေးကောက်ပွဲနောက်ပိုင်း မလေးရှားနိုင်ငံရဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာတာပါ။