close

တော်လှန်ရေးအင်အားစု ၁၂ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း

ပြည်သူများကြားက ပေါက်ဖွားလာတဲ့ တော်လှန်ရေး အင်အားစု ၁၂ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြောင်း သြဂုတ် ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ ပခုက္ကူ၊ ကျောက်ဆည်၊ ရွှေကူ စတဲ့ မြို့တွေမှာ ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းစဉ်တွေ လှုပ်ရှားဆောင်ရွက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလိုက်တာပါ။

ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်မြန်ဆန်စေဖို့အတွက်  မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာဖြစ်ပြီး ပြည်သူများအားလုံးနှင့်လက်တွဲပြီး စစ်မှန်သောတရားမျှတမှုရရှိတဲ့အထိ အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

“လက်နက်အားကိုးအကြမ်းဖက် နိုင်ငံသစ္စာဖောက် စစ်တပ်နဲ့ ၎င်းတို့ရဲ့ အပေါင်းအပါတွေကို ဖယ်ရှားနိုင်မှသာ ပြည်သူများ ခံစားနေရသော ဒုက္ခများမှ လွတ်မြောက်မှာပါ၊ နွေဦးတော်လှန်ရေးအရှိန်မြင့်လာတာနဲ့အမျှ မတရားမှုကို ခေါင်းငုံ့မခံနိုင်တဲ့ အမှန်တရားကို မြတ်နိုးတဲ့ ပြည်သူမှ ပေါက်ဖွားလာတဲ့ တော်လှန်ရေး အင်အားစု (၁၂) စုဟာ ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်မြန်ဆန်စေရန်အတွက် မဟာမိတ်အဖြစ် ပူးပေါင်းလိုက်တာပါ” လို့ People Defence Force - Mandalay အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်

ဒီမဟာမိတ်အဖွဲ့မှာ  People Defense Force Mandalay (MDY-PDF)၊ Yangon Urban Guerrillas(YUG)၊ Yangon Federal Army (YFA)၊ Mandalay Special Task Force (MSTF)၊  Kyaukse Distric Defense (KDDF)၊ People's Defense Force၊ Zero Nine (PDF-MGN)၊ People Defense Force (ShweGu)၊ Pakokku People Defense Force (PPDF)၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ)၊  Kawlin People Defense Force (KLPDF)၊  27 Revolution Forces (MGN) စတဲ့ တော်လှန်ရေးအင်အားစု ၁၂ စု ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။

KDDF ခေါင်းဆောင်တဦးက "ဖွဲ့စည်းလိုက်တဲ့အပေါ် ခွန်အားရှိတယ်လို့ခံစားရပြီး စည်းလုံးမှုကြောင့် တိုက်ပွဲဝင်ဖို့အတွက်လည်း ယုံကြည်ချက်တွေပိုရှိလာပါတယ်။  local pdf တွေအပေါ်ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုတွေ အရင်ထက်ပိုရရှိလာပြီး ဘုံရန်သူကို အမြန်ဆုံးချေမှုန်းလာနိုင်မယ် မျှော်လင့်ပါတယ်'' လို့ ပြောပါတယ်။

ပြည့်သူ့အာဏာကို စစ်ကောင်စီက လက်နက်အားကိုးနဲ့ အကြမ်းဖက် လုယူထားတာ ၇ လနီးပါး ကာလအတွင်း အပြစ်မဲ့ပြည်သူတွေကို တရားမဲ့ ဥပဒေမဲ့ ဖမ်းဆီး ရိုက်နှကေပစ်သတ်ကာ အကြမ်းဖက်နည်းမျိုးစုံနဲ့ ဖြိုခွင်းခဲ့သောကြောင့် ပြည်သူ ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ အခြေခံအခွင့်အရေးတွေ နေ့စဉ်ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up