close

အမေရိကန်-မက္ကဆီကိုနယ်စပ်ရှိ ရွှေ့ပြောင်းစခန်းများကို ရှင်းလင်းရန် အမေရိကန်တိုက်တွန်း

အမေရိကန်-မက္ကဆီကို နယ်စပ်မြို့တွေမှာ ရွှေ့ပြောင်းသွားလာသူတွေ ထောင်နဲ့ချီ နေထိုင်ကြတဲ့ ad-hoc စခန်းတွေကို ရှင်းလင်းလိုက်ဖို့ အမေရိကန်ပြည်ထောင်စုက မက္ကဆီကို    အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ 

ဒီစခန်းတွေဟာ လုံခြုံရေးအန္တရာယ်ရှိပြီး ရာဇ၀တ်ဂိုဏ်းတွေကို ဆွဲဆောင်နေတဲ့ နေရာတွေလို့  စိုးရိမ်ပူပန်နေကြလို့ ဖြစ်ပါတယ်။ 

အမေရိကန်-မက္ကဆီကိုနယ်စပ်ကနေ တရားမ၀င်ဖြတ်ကျော်ဝင်ရောက်မှုတွေကြောင့် ပြည်တွင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့အစိုးရအဖွဲ့ဟာ မိုင် ၂၀၀၀ နီးပါးရှိတဲ့နယ်နိမိတ်ပေါ်က ဖိအားတွေ ပြေလျော့စေဖို့ ရွှေ့ပြောင်းသွားလာသူတွေ စီးဝင်ရောက်ရှိလာမှုကို တားဆီးဖို့ မက္ကဆီကိုနိုင်ငံကို ဖိအားပေးထားတာပါ။

မက္ကစီကိုမြောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ အကြီးဆုံးစခန်းနှစ်ခုထဲက တခုဟာ အမေရိကန်ပြည်ထောင်စုရဲ့ တက္ကဆက်ပြည်နယ်၊ McAllen မြို့ကနေ နယ်စပ်ကိုဖြတ်တဲ့ ရေနိုဆာမြို့မှာရှိတဲ့စခန်းဖြစ်ပါတယ်။ 

အနည်းဆုံး လူ ၂,၅၀၀ နေထိုင်ပြီး သန့်ရှင်းမှုမရှိတဲ့ အဲ့ဒီစခန်းမှာ မျှော်လင့်ချက်မဲ့နေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို သွေးဆောင်သိမ်းသွင်းဖို့ မူးယစ်ဂိုဏ်းသားတွေ မျက်စိကျတဲ့နေရာ တခုဖြစ်ပါတယ်။

နောက်စခန်းကြီးတခုကတော့ ကယ်လီဖိုးနီးယားပြည်နယ်က ဆန်ဒီယေဂိုမြို့နဲ့ မျက်နှာချင်းဆိုင်မှာရှိပြီး မက္ကဆီကိုနိုင်ငံရဲ့ အနောက်ဖက်စွန်း နယ်စပ်မြို့ တီဟွာနာမြို့က အရွယ်အစားတူ စခန်းဖြစ်ပါတယ်။ 

သူတို့ဟာ နယ်စပ်ကို ရုတ်တရက် အလုအယက် ၀င်လာဖြစ်ခဲ့ရင် သူတို့ထဲက တချို့တွေမှာ လုံခြုံရေးကိုထိခိုက်စေနိုင်တာကြောင့် အမေရိကန်အစိုးရက ဒီစခန်းတွေကိုရှင်းလင်းဖို့ မက္ကဆီကို အစိုးရကို တောင်းဆိုထားတာ ရက်သတ္တပတ်တွေ ချီနေပြီလို့ ဒီကိစ္စကို ထဲထဲဝင်ဝင် သိနေတဲ့နှစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up