close

ဂဠုန်တပ်တော်ကို အရာရှိစစ်သည် အင်အား ၅၀၀ ကျော်ဖြင့် ပြင်ဆင်ဖွဲ့စည်း

အမျိုးသားညီညွတ်ရေးအစိုးရ NUGက နိုင်ငံတဝန်း အရေးပေါ်အခြေအနေကြေညာပြီးနောက်မှာ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်ကို  အရာရှိစစ်သည် အင်အား ၅၁၇ ဦးနဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

တပ်ဖွဲ့မှာ အရာရှိ ၁၇ ဦးပါဝင်ပြီး တပ်သားနဲ့အရန် အင်အား ၅၀၀ ပါဝင်ဖွဲ့စည်းထားကာ မြို့နယ်လုံးအတိုင်းအတာနဲ့ တော်လှန်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဩဂုတ် ၅ ရက် ဂဠုန်တပ်တော်ဖွဲ့စည်းခဲ့ချိန်ကစပြီး စစ်တင်ဘာ ၁၁ ရက်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားကာ စစ်တပ်က ၁၀၀ ကျော်သေဆုံးတယ်လို့ ဂဠုန်တပ်ပြန်ကြားနေတာဝန်ခံက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

ဂဠုန်တပ်တော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ထိခိုက်ပျက်စီးစေမှာမဟုတ်ဘဲ မိုင်းပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ကြားပါက ဆန့်ကျင်ရာ အရပ်တွေမှာ လုံခြုံစိတ်ချရတဲ့အထိ ရှောင်ရှားနေကြဖို့၊ စစ်ကောင်စီ စစ်ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ဖို့ အရောတဝင်မနေကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါအပြင် တပ်တော်ရဲ့ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ စစ်တပ်လှုပ်ရှားတဲ့အခြေအနေကို သတင်းပေးဖို့ ဖော်ပြထားပြီး ကိုယ်ပိုင်ငွေ၊အလှုငွေတွေနဲ့ ရပ်တည် လှုပ်ရှားခဲ့ပေမဲ့ အခုအခါမှာတော့ စစ်ရေးအခင်းအကျင်းအတွက် လိုအပ်တဲ့ လက်နက် ဝယ်ဖို့ နဲ့ တိုးလာတဲ့ တပ်သားတွေ အသုံးစရိတ်  လိုအပ်ချက်များ အရေးပေါ်လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up