close

ကရင်နီပြည်ရဲတပ်ဖွဲ့ ( KSP)က စစ်ကောင်စီသတင်းပေးဒလန်အချို့ကို ဖမ်းဆီးအရေးယူ

ကယားပြည်နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီသတင်းပေး(ဒလန်)လို့ ယူဆရသူ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ကို ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP)က  သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းကာ ဖမ်းဆီးရမိခဲ့တယ်လို့ စက်တင်ဘာ ၃၀ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီလို ဖမ်းဆီးရမိသူ ၁၀ ဦးကို ကရင်နီပြည်ရဲဌာနက စစ်ဆေးမေးမြန်ရာမှာ သက်သေအထောက်အထားပြည့်စုံခိုင်လုံမှု မရှိတဲ့ အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို သက်ဆိုင်ရာမိသားစုတွေထံ ကောင်းမွန်စွာ ပြန်လွှဲပေးအပ်ခဲ့ကာ သက်သေအထောက်အထား ခိုင်လုံတဲ့  တရားခံ ၅ ယောက်ကိုတော့ ကရင်နီပြည်ရဲဌာနအချုပ်မှာ ထိန်းသိမ်းထားကာ လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

ကရင်နီပြည်ရဲဌာန(KSP)ဟာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်ချက်အရ  CDM ပြည် သူ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up