close

မန်ယူတိုက်စစ်မှူး မာစီယယ် မျှတစွာဆက်ဆံခြင်း မခံရဟု ဒွိုက်ယော့ခ် သုံးသပ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မာစီယယ်ဟာ အသင်းရဲ့ မျှတစွာဆက်ဆံမှု မခံရကြောင်း ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒွိုက်ယော့ခ်က သုံးသပ်ပါတယ်။ 

အသက် ၂၅ နှစ်ရှိ မာစီယယ်ဟာ ခြေစွမ်းကောင်း ပျောက်ဆုံးမှုကြောင့် အသင်းက ရောင်းချတော့မယ်လို့ သတင်းထွက်ပေါ်နေတာပါ။ 

ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရတဲ့ မာစီယယ်ဟာ ပြီးခဲ့တဲ့တစ်ပတ်က အဲဗာတန်နဲ့ပွဲမှာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ 

မာစီယယ်က နံပါတ် ၉ နေရာမှာ ကစားသူဖြစ်လို့ အရေးပါတဲ့နေရာဖြစ်ပြီး ဒီလိုနေရာမှာ ကစားတဲ့ တိုက်စစ်မှူးက အသင်းသားတွေနဲ အတွဲအဖက်မိဖို့ လိုတာကြောင့် အပတ်စဉ် ပွဲကစားခွင့်ရဖို့ လိုအပ်တယ်လို့ ဒွိုက်ယော့ခ်က ပြောပါတယ်။ 

မာစီယယ်အနေနဲ့ အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ ရာသီလည်းရှိပြီး လက်ရှိအချိန်မှာတော့ ပွဲထွက်ခွင့် နည်းပါးတာကြောင့် အသင်းဘက်က မျှတစွာဆက်ဆံခြင်း မရှိတာလို့ ဒွိုက်ယော့ခ်က Goal.com မှာ သုံသပ်ခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်တိုက်စစ်မှူး မာစီယယ်ဟာ အဲဗာတန်နဲ့ ပွဲမတိုင်ခင်အထိ EFL ပွဲစဉ်တစ်ပွဲမှာပဲ ပွဲထွက်ခွင့် ရခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတော့ မိနစ်အနည်းငယ်သာ ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up