ဗြိတိန်စစ်သားများ လောင်စာတင်ယာဉ်များ ကူညီမောင်းနှင်

ဗြိတိန်နိုင်ငံအတွင်း လောင်စာဆီ ဖြန့်ဖြူးရာမှာ ကူညီဖို့ စစ်သားတွေက လောင်စာတင်ယာဉ်တွေ ကို မောင်းပေးနေပါတယ်။
ကုန်ကားမောင်းသူတွေ မလုံလောက်တဲ့ ပြဿနာကို ဖြေရှင်းရာမှာ ကူညီဖို့ အစိုးရက စစ်တပ်ကို အမိန့်ပေးအပြီးမှာ ခုလို ကူညီနေတာပါ။
ယာဉ်မောင်းတချို့က ဆီဖြည့်တဲ့ ပန့်ခေါင်းကို ရဖို့ လက်သီးထိုး ရန်ဖြစ်ခဲ့သလို တချို့က လောင်စာဆီတွေကို ရေပုလင်းဟောင်းတွေ နဲ့ ထည့်ခဲ့ကြပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးနဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်ထားတဲ့ အကျိုးဆက်အနေနဲ့ လုပ်သား ရှားပါးပြတ်လပ်နေလို့ ဗြိတိန်နိုင်ငံအတွင်း ကုန်စည်ဖြန့်ဖြူးရေး ကွင်းဆက်ဟာ ပြတ်တောက်လုနီးပါး ဖြစ်ခဲ့တာပါ။
ကုန်ကားမောင်းသူ မရှိတဲ့အချိန်မှာ ထိတ်လန့်တကြား လောင်စာဝယ်ခဲ့လို့ အရင်အပတ်က နိုင်ငံအတွင်း မြို့ အတော်များများမှာ ပရမ်းပတာ ဖြစ်ခဲ့ပါတယ်။
ဗြိတိန်ဝန်ကြီးတွေကတော့ Brexit နဲ့ လောင်စာအကြပ်အတည်း ဘာမှမဆိုင်ဘဲ ကမ္ဘာလုံးဆိုင်ရာ ပြဿနာကြောင့် ကုန်ကားမောင်းသူတွေ မလုံမလောက် ဖြစ်ရတာလို့ ပြောပါတယ်။
ဒါပေမယ့် တခြားဥရောပ အိမ်နီးချင်းနိုင်ငံတွေမှာတော့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ကားတန်းရှည်ကြီး တန်းစီရတဲ့အဖြစ်မျိုး မဖြစ်ခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။