close

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်သွယ်ရေးဥပဒေဖြင့် စွဲထားသည့်အမှု စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၁ ရက် ဒီကနေ့ရုံးချိန်းမှာ စွဲချက်တင်သင့်၊ မတင်သင့် တရားရုံးက ဆုံးဖြတ်သွားဖို့ ရှိပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရမှာ တရားမဝင် စကားပြောစက် ၁၀ လုံးနဲ့ Jammer တစ်စုံတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။

တရားရုံးကနေ စွဲချက်တင်သင့်တယ်လို့ ဆုံးဖြတ်ရင် အမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး စွဲချက် မတင်သင့်ဘူးလို့ ဆုံးဖြတ်ရင် ဒီအမှု တရားရှင် လွတ်မြောက်ဖို့ ရှိပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စွဲထားတဲ့ အမှုတွေထဲမှာ တနင်္လာနေ့တိုင်း ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ တို့ကို ဒီကနေ့မှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up