လုံခြုံရေးထက် စီးပွားရေးပြသနာများအပေါ် စိုးရိမ်နေရပြီလို့ ကဘူးလ်မြို့နေသူများ ပြော

အာဖဂန်မြို့တော်ရဲ့ လုံခြုံရေးအခြေအနေအတွက် စိတ်သက်သာရာရပေမဲ့ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စီးပွားရေးပြဿနာတွေကြောင့် စိုးရိမ်နေတယ်လို့ ကဘူးလ်မြို့ခံတွေက အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။
လူတွေဟာ များသောအားဖြင့် သောကြာနေ့တွေမှာ လုပ်ဆောင်စရာရှိတာတွေ လုပ်နေကြပြီး ငြိမ်သက်မှုနဲ့ လုံခြုံမှုရှိတဲ့အပြင် ဘယ်နေရာကိုမဆို အလွယ်တကူ သွားလို့ရတာကြောင့် ဘာပြဿနာမှ မရှိဘူးလို့ ကဘူးလ်မြို့ခံ မိုဟမ်မဒ် အက်ရမ်က ပြောပါတယ်။
ဒါပေမယ့် အရာအားလုံးရဲ့ စျေးနှုန်းတွေက ဈေးကြီးပြီး လူတွေက ပြဿနာတွေ ကြုံနေရသလို အလုပ်လက်မဲ့တွေ များနေသေးတယ်လို့ နောက်ထပ်မြို့ခံ မိုဇာမဲလ် ပါတီရာဝဲလ်က ပြောပါတယ်။
ဩဂုတ်လက အာဖဂန်ကို သိမ်းပိုက်ခဲ့တဲ့ တာလီဘန်တွေဟာ ဗဟိုဘဏ်မှ ဒေါ်လာဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခံထားရပြီး နိုင်ငံတကာငွေကြေး အဖွဲ့အစည်းတွေကလည်း ရန်ပုံငွေ ရရှိမှုကို ရပ်ဆိုင်းထားပါတယ်။
ကုလသမဂ္ဂကလည်း သန်းနဲ့ချီပြီး ငတ်မွတ်ခေါင်းပါးနေတဲ့ လူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရမှာဖြစ်လို့ အာဖဂန်နိုင်ငံထဲကို ငွေကြေး အလုံအလောက် မပေးနိုင်တဲ့အပြင် ပြိုကျနေတဲ့ စီးပွားရေးကို တည်ငြိမ်အောင် ကူညီနိုင်မယ့် နည်းလမ်းတွေကို ရုန်းကန်နေရတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။
အာဖဂန်နစ္စတန်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၁၄၄ သန်းနီးပါး ပေးပို့မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၈ ရက်မှာ အတည်ပြုခဲ့ပါတယ်။